Pages

Tuesday, May 22, 2012

၂၂-၄-၂၀၁၂ `သတင်းငတ်ရောဂါနှင့် ဂျာနယ်မျှော်ရောဂါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၂-၄-၂၀၁၂) ၂၂-၄-၂၀၁၂ `သတင်းငတ်ရောဂါနှင့် ဂျာနယ်မျှော်ရောဂါ´ ယခု ဧပြီလတစ်လလုံးမှာ ရုံးဖွင့်ရက်က(၁၃)ရက်၊ ပိတ်ရက်တွေက(၁၇)ရက်ဖြစ်ပါတယ်။ သင်္ကြန်မတိုင်ခင်ကအတိုင်း ဂျာနယ်တွေကလည်း ပိတ်လိုက်ကြတာ တစ်ချို့က တစ်ပတ်နား။ တစ်ချို့က နှစ်ပတ်နားကြပါတယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကနေ ယနေ့အထိ နေ့စဉ်ဂျာနယ်တွေက ဘယ်ဂျာနယ်တွေထွက်လာသလဲ မျှော်ရ မေးရ ဖြစ်နေပါတယ်။ သတင်းငတ်ပြီး ဂျာနယ်ဖတ်ချင်စိတ်တွေက ဆာလောင်မွတ်သိပ်နေမိပါတယ်။ ဂျာနယ်တွေက ပိတ်ထားကြတော့ သတင်းလိုက်ဖို့ကည်း သိပ်စိတ်မ၀င်စားဘူးဖြစ်နေတယ်။ ရတဲ့ သတင်းထူး သတင်းဦးကြတော့လည်း သတင်းဆွေးတွေ သတင်းသိုးတွေ ဖြစ်ကုန်ရပြန်တယ်။ သတင်းဆိုတာ ထူးထူးခြားခြားနဲ့ မှန်မှ မြန်မှ တိကျမှ စာဖတ်သူတွေက ကြိုက်နှစ်သက်ကြတာလေ။ ဂျာနယ်တွေက တစ်ပတ်၊ နှစ်ပတ်နားထားတော့ သတင်းတွေက သိုးပုတ်ကုန်ကြပါတယ်။ ဒါကြောင့် သတင်းလိုက်ဖို့ကိုလဲ နှေးကွေးနေရပါတယ်။ ယနေ့ နံနက်ပိုင်း ရန်ကုန်ကို သွားဖြစ်ရင် အဆင်သင့်ဖြစ်အောင် အ၀တ်အစားများကို ကြိုတင်ပြင်ဆင်ပြီး လျှော်ဖွတ်ထားခိုင်းရပါတယ်။ ခေါင်းက ဆံပင်ကိုလည်း ဆေးဆိုးခိုင်းထားရသေးတယ်။ အင်တာနက်လိုင်းကလည်း စကိုင်းနက်က ပြတ်တလှည့် ဖြတ်တလှည့် ဖြစ်နေပါတယ်။ ဧသည်လာသူ ဆရာဦးအောင်ချိုကို ဖွင့်ပြနေတယ်။ သူလည်း စိတ်ရှည်ပုံမရပါ။ ဖတ်သင့်တဲ့ ၀က်ဆိုဒ်လိပ်စာတွေကို မှတ်ယူသွားပါတယ်။ နောက် ရန်ကုန်ကိုရောက်ရင် သူဆီ ဖုန်းဆက်ဖို့ သူ့ ဟန်းဖုန်းနံပါတ်ပေးထားခဲ့ပါတယ်။ အင်တာနက်လိုင်းမကောင်းတဲ့ကြားကနေ ဂျီတော့မှ ဆရာဦးရဲနိုင်မိုးထံ အီးမေးလ်ပို့ထား လိုက်ရပါတယ်။ သူ့ဆီကို ဖုန်းဆက်မေးရန်လည်း စိတ်ကူးနေပါတယ်။ ရန်ကုန်သို့ သွားချင်စိတ်က များနေပါတယ်။ ဂျာနယ်တိုက်တွေကိုလည်း ကိုယ်တိုင်ဆက်သွယ်ပြီး လိုအပ်တာတွေကို တောင်းဆိုချင်တယ်။ စာမူခတွေလည်း ထုတ်ချင်ပါတယ်။ ဂျာနယ်တစ်တိုက်ကများ လစာပေးရင်တော့ တစ်တိုက်ထဲကိုသာ သတင်းရေးသားရန် စိတ်ကူးနေပါတယ်။ နောက် သတင်းစာဆရာများအသင်းဖွဲ့ဖို့ကိစ္စ၊ သတင်းသမ္မဂအဖွဲ့ ကိစ္စတွေကိုလည်း ထဲထဲဝင်ဝင် မေးလို သိလိုပါတယ်။ အဆက်အသွယ်လုပ်ချင်ပါတယ်။ အဆင်ပြေမယ့်အထဲကို ၀င်ထားချင်ပါတယ်။ အင်း အဲဒီတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်း မေးရင်း သင်တန်းကိစ္စလည်း သိရအောင် ဆရာဦးရဲနိုင်မိုးထံ ဖုန်းဆက်ရပါမည်။

No comments:

Post a Comment