Pages

Monday, May 21, 2012

၂၉-၃-၂၀၁၂ `လူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၈-၂၀၁၂) ၂၉-၃-၂၀၁၂ `လူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်း´ နံနက်စောစောအိပ်ယာထတယ်။ ဆီဆိုင်စောစောဖွင့်တယ်။ ၀ိရိယအကြိုး ကံထက်ဝက် ဆိုတာမှန်တယ်။ ခုနှစ်သောင်းဖိုး တန်းရောင်းရတယ်။ နံနက်(၇း၃၀) မှာ ယဉ်ကျေးလိမ္မာသင်တန်း အောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်းသို့သွားတယ်။ ဆရာဦးဝင်းမြင့်က ရန်ကုန်ပြန်နေမကောင်းလို့ မလိုက်ဖြစ်ပါ။ ကိုနေခြည်နဲ့ နှစ်ယောက်သွားကြတယ်။ ကိုနေခြည် မှ နဘယံ နှင့် ဘီးလူး(၃၀) ကိုပြောတယ်။ ကျွန်တော်ကတော့ နိုင်ငံတော်သီချင်းနဲ့ ကာလာမသုတ် သတင်းစတင်ဖြစ်ပေါ်ပုံများကို ပြောတယ်။ အပြန်မှာ ကိုတင်လှိုင်+မခင်စန်းဝင်းတို့ သားငယ် ဗိုလ်ကြီးတင်ဦး ကျဆုံးလို့ ဆွမ်းသွတ်တရားနာသို့ မစီနဲ့ အတူသွားတယ်။ အပြန်မှာ ခေါင်းတွေတော်တော်မူးနေတယ်။ မာန်ဆေးခန်းမှာ ကိုဟေမာန်ကို သွေးချိန်ခိုင်းရတယ်။ ဓာတ်ဆားရေသောက်ရန်မှာတယ်။ ဆူဆေး ဓာတ်ဆားရေ သောက်တယ်။ ဆေးပြားတစ်ဗူးကို (၂၂၀၀)ကျပ်ပေးရတယ်။ နေ့လည်မီးပြတ်တယ်။ ညနေ မီးပြန်လာတယ်။ ဆရာဦးကျော်စိန်အိမ်သို့ သွားပြီး ဘလော့တင်ပါတယ်။ ဂျာနယ်သတင်းများ ကို ဘလော့မှာ အားလုံးတင်ပါတယ်။ ညနေ (၆)နာရီမှ ဆိုင်ကို ပြန်ရောက်တယ်။ အပြန်မှာ မနက်ဖြန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းပြောရန် ရှာဖွှေပါတယ်။ ဒီနေ့ ဘာ သတင်းမှလည်း မရ။ မရေးဖြစ်ပါ။

No comments:

Post a Comment