Pages
▼
Thursday, May 24, 2012
၉-၅-၂၀၁၂ `သတင်းသမား သတင်းလိုချင်၍ အောက်ကျခံရခြင်း´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၉-၅-၂၀၁၂) ၉-၅-၂၀၁၂ `သတင်းသမား သတင်းလိုချင်၍ အောက်ကျခံရခြင်း´
နံနက်စောစော အိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်ပြီး မနေ့ကသတင်းယူထားတဲ့ နွေနှမ်းသတင်းကို အတည်ပြုဖို့ ကိုနေလင်းအောင်ထံ သွားခဲ့တယ်။ (၂)ခေါက်သွားမှတွေ့ရပါတယ်။ နွေခေါင်ခေါင်မှာ စိုက်ပျိုးလို့ရတဲ့ ကိုရီးယားနှမ်းဖြူ သတင်းကို အပြည့်အစုံရလိုက်ပါတယ်။ နောက်သတင်းတစ်ပုဒ် တိုင်ဝမ် မြေပဲစိုက်ခင်းစမ်းသပ်နေ သတင်းထပ်ပေးတယ်။ သဖန်းဆိပ်ဧရာဝတီ မြစ်ရေစီမံကိန်း ရေတင်စက်ပန့်(၄) ကိုသွားတယ်။ ၀က်သိုက်ရွာ အနောက်ဘက်မှ မြောက်ဘက်ကိုသွားခဲ့ရပါတယ်။ တိုင်ဝမ် မြေပဲစိုက်ခင်းများကိုပြတယ်။ အဲဒီနေရာမှ ယာခင်း(၇၁)ဧကမှာ နွေရာသီ အားနေတဲ့ ယာခင်းတွေကို ငှါးပြီး စိုက်ပျိုးခဲ့ကြောင်းသိရတယ်။ သတင်းသမား နံနက်လင်းတာနဲ့ ဘာမှ မစား မသောက်ရဘဲ ကိုယ်စိတ်ဝင်စားတဲ့ သတင်းများကို မေးမြန်းသတင်းယူခဲ့ပါတယ်။ နံနက်(၁၀း၃၀) မှ မကွေးကို ပြန်ရောက်ပါတယ်။ ကုမ္ပဏီ ဒါရိုက်တာ ဦးနေလင်းအောင် (ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး) ကလည်း ဘာမှ မကျွေးလိုက်ပါ။ မစားရသေးဘူး လို့ ပြောတာကို သူလည်းမစား ကိုယ့်လည်း မကျွေးထားလိုက်တာပါ။ နောက်မှ ဘယ်ကျွေးချင်ပါ့မလဲ ကိုယ်စကားပြောမှားခဲ့တယ်လေ။ သူ့အိမ်မှာ စတွေ့တဲ့ သူ့တူမလေးကို ကျွန်တော်က သူ့အမျိုးသမီးလို့ထင်ပြီး (ခင်ဗျား အမျိုးသမီး)ကို ကျွန်တော့်လိပ်စာကဒ် ပေးထားခဲ့တယ်လို့ မှားပြီး ပြောမိပါတယ်။ သူက ဆက်ဆံရေးညံတာလား။ ကိုယ်က အလိုက်မသိတာလား မပြောတတ်တော့ပါ။ ဒါနဲ့ သူဆီက ဘာမှ မစားဘဲ ရွှေထနောင်းစိုက်ပျိုးရေးကုမ္ပဏီကို ၀င်ခဲ့ပါတယ်။ လူတွေ တစ်စုတစ်ပြုံကြီး ၀ိုင်းအုံနေတာကို မြင်ရပါတယ်။ တောင်သူတွေကို စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ပေးတယ်လို့ သိရပါတယ်။ မန်နေဂျင် ဒါရိုက်တာ ဦးဖိုးနီနဲ့ ၀င်တွေ့ပါတယ်။ သူက ကော်ဖီနဲ့ ပဲကိတ်မှုန့် ဧည့်ခံပါတယ်။ ကျွန်တော်လည်း ဟန်တောင်မဆောင်နိုင်ဘဲ ဆာဆာနဲ့ အ၀စားလိုက်မိပါတယ်ခင်ဗျာ။ မကြာမီ သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာ ရောက်လာတယ်။ မြို့ထဲကနေ ဒီရန်ကင်းဈေးအရှေ့ဘက်ကို စက်ဘီနဲ့ နင်းပြီးလာကြောင်းသိရတယ်။ ကိုယ့်ထက် သတင်းကို အားစိုက်ပြီးလာသူကို အံ့သြစွာတွေ့လိုက်ရတယ်။ သူနဲ့ ရွှေထနောင်းကုမ္ပဏီအဖွဲ့နဲ့က မိတ်ဆွေရင်းတွေကို။ သတင်းထောက်ကြီး ဦးစောလှနွယ် လို့ မန်နေဂျင်ဒါရိုက်တာ ဦးဖိုးနီက ခေါ်တယ်။ သတင်းထောက် စောလှနွယ်ကလည်း ကင်မရာ တစ်ဖြတ်ဖြတ်နဲ့ ဘ၀င်ကို လေဟပ်နေကြတာကို မြင်တွေ့နေရပါတယ်။ နောက် သူ့ရဲ့ ဒါရိုက်တာ ဦးဝင်းရှိန်က ကျွန်တော်တို့ နှစ်ဦးကို သတင်းပေးပါတယ်။ သိလိုတာများကို ဖြေဆိုပေးပါတယ်။ နေ့လည်(၁း၃၀) မှ အိမ်ကို ပြန်ရောက်ပါတယ်။ အင်း သတင်းသမား သတင်းသွားယူလိုက်တာ မစားရ မသောက်ရ အောက်ကျလိုက်တဲ့ ဖြစ်ခြင်း မှတ်တမ်းတင်လိုက်ရပါတယ်။
No comments:
Post a Comment