Pages

Monday, May 21, 2012

၁၀-၃-၂၀၁၂ `သတင်းသမားကို အထင်သေးတာလား´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၄၉-၂၀၁၂) ၁၀-၃-၂၀၁၂ `သတင်းသမားကို အထင်သေးတာလား´ ယနေ့ နံနက်ဆိုင်မဖွင့်ခင် အချိန်မှာ ဆရာမြေလတ်မင်းလွင်က ဖုန်းဆက်ခေါ်ပါတယ်။ ဆရာတင်လင်းဇော်နဲ့ ပညာနန်းတော်နားက လက်ဖက်ရည်ဆိုင်မှာ ချိန်းတယ်။ နံနက် (၇)နာရီ ဆိုင်ဖွင့်ပြီး သွားတယ်။ ဆရာမြေလတ်မင်းလွင်က သူ့ရွာကို ဆက်သွားတယ်။ ကျွန်တော်တို့ နှစ်ဦးကို မနက်ဖြန် သူ့ရွာလာပြီး စာပေဟောပြောပွဲ ဟောပေးရန်ဖိတ်ပါတယ်။ လာမယ်လို့ ဂတိပေးလိုက်ပါတယ်။ နံနက်(၉)နာရီမှာ ICT ကွန်ပျူတာဈေးရောင်းပွဲတော်သို့သွားတယ်။ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေ တက်ပြီး ဖွင့်ပေးကြောင်းသိရတယ်။ ဖွင့်ပွဲကို မမီလိုက်ပါ။ သတင်းထောက် ကိုမြင့်ဇော်ဦးကို စောင့်နေရတယ်။ သူ့က ပညာရေးကောလိပ်မှာ ပန်းချီသင်တန်းပေးနေလို့ နောက်ကျကြောင်းသိရပါတယ်။ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း နဲ့ ကွန်ပျူတာပညာရှင်များအသင်းတို့ မှ ဦးစီးပြီး ICT 2012 ပြပွဲကျင်းပတာလို့ သိရတယ်။ သတင်းတောင်းတာ သိပ်ပြီး ဂရုမစိုက်ကျပါ။ ဒါကြောင့် သတင်းမရေးဖြစ်ပါ။ သူတို့ပွဲက မိန်းစပွန်ဆာတွေမှာ ကိုင်ဒိုမြန်မာကုမ္ပဏီမှ ငွေ(၅)သိန်း၊ ရွှေဧရာမှ ငွေ(၄)သိန်း၊ အမေထွားဆီစက်မှ ငွေ(၃) သိန်း၊ ဦးဝင်း (ကွန်ပျူတာဆိုင်)မှ (၃)သိန်း နဲ့ ရန်ကုန်မှ ဆိုင်တွေက ငွေ(၂)ခွဲစီ ရကြောင်း ဦးဆောင်၍ ကျင်းသူထံမှ သိရပါတယ်။ မကွေး မြို့တော်ခမ်းမကို မင်္ဂလာဆောင်ဈေးနှုန်း တစ်သိန်းသုံးသောင်းနဲ့ ငှါးယူရကြောင်းသိရပါတယ်။ အဲဒီပွဲကို နေ့လည်(၁)နာရီ ဟောပြောပွဲပါတယ်ဆိုလို့ ကိုနေခြည်နဲ့ သွားပါတယ်။ နေ့(၂)နာခွဲအထိ မလုပ်ဖြစ်လို့ ပြန်လာတယ်။ ညနေ နိုင်ငံတော်သီချင်းအကြောင်း သိဖို့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်သို့ အကူအညီတောင်းရပါတယ်။ ဆရာဦးတင်နုက ရှာဖွှေပေးပါတယ်။ စာပေဟောပြောပွဲအတွက် မနက်ဖြန် မြေလတ်မင်းလွင်ရွာမှာ နေ့ပွဲ၊ မြင်းစိုင်းရွာကို ညပွဲစီစဉ်ထားမယ်လို့သိရပါတယ်။ နေ့လည်က မအားလို့ ညနေမှ မနက်ဖြန် စာပေဟောပြောပွဲ ဟောပြောဖို့ ပြင်ဆင်ရပါတယ်။ ယခင် စာကြည့်တိုက်များ ပြောခဲ့တာတွေကိုသာ လိုတိုး ပိုလျှော့လုပ်ပြီး ပြောရပါမည်။ အစကတော့ မနက်ဖြန် စာပေဟောပြောပွဲကို ဆရာမောင်မွန်မြတ်၊ ဆရာတင်လင်းဇော် နဲ့ ကျွန်တော်တို့ သုံးဦးကို ဖိတ်ထားပါတယ်။ ဒါပေမယ့် ဆရာ မောင်မွန်မြတ် က မလိုက်နိုင်ဘူးလို့ သိရပါတယ်။ သွားနေကြ ဆရာတင်လင်းဇော်နဲ့ ကျွန်တော် တို့ နှစ်ဦးသွားရပါ့မယ်။ ဟိုမှာ ဆရာမြေလတ်မင်းလွင် နဲ့ဆိုရင် သုံးဦး ပြောကြမယ်ထင်ပါတယ်။ ဒီနေ့တော့ ICT ပွဲကို နှစ်ခေါက်သွားရလို့ အချိန်ကုန်သွားတယ်။ နေ့စဉ် ပုတီးစိတ်လည်း ပျက်တယ်။ နေ့စဉ် ရေးနေကြစာကိုတော့ မပျက်မကွက်အောင် ညရောက်မှ ရေးရတယ်။ ညနေပိုင်း ဆရာကြီး မကွေးဝင်းမြင့်တို့လည်း မလာဖြစ်ပါ။ ICT ကွန်ပျူတာပွဲကို နှစ်ခေါက်သွားတာကို သတင်းကို တိတိကျကျ မပေးပါ။ ဓာတ်ပုံတောင်းတော့လည်း ဟိုလွှဲ ဒီလွဲ လုပ်နေကြတယ်။ သတင်းသမားကကို ခခယယတောင်းနေရတယ်။ ဒါကြောင့် ဒီပွဲ သတင်းကို မရေးဖြစ်တော့ပါ။

No comments:

Post a Comment