Pages

Tuesday, June 19, 2012

`မကွေးမြို့မှာ ဇွန်(၁၆)ရက်နေ့ ညနေပိုင်းတွင် မိုးကြီးသည်းထန်စွာရွာသွန်း၍ ကလေးငယ် တစ်ဦးသေဆုံးဟု သိရ´

မကွေးမြို့မှာ ၂၀၁၂၊ ဇွန်(၁၆)ရက် ညနေ(၄း၄၅)နာရီမှ ညနေ(၆)နာရီခန့်အထိရွာသော မိုးမှာ ဇွန်လဆန်းမှစ၍ ယနေ့အထိ မိုးသည်းထန်စွာဖြင့် ရွာသွန်းရာတွင် အကြီးဆုံးမိုးဟု ဆိုကြသည်။ မကွေးမြို့တစ်မြို့လုံးနေရာအနှံ့ရှိ လမ်းများပေါ်တွင် မိုးရေများ တစ်နာရီခန့် လျှံတက်လာသည်။ ယင်းမိုးရွာသွန်းမှုကြောင့် အသက်(၁၀)သား အရွယ် ကလေးငယ်တစ်ဦး ချောင်းရေထဲမှာ မျှောပါသေဆုံးကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ မောင်တင့်ဖြိုးဝေ၊ အသက်(၁၀)၊ (အဘ) ဦးခင်မောင်ဝင်း၏သားဖြစ်၍ မကွေးမြို့ အောင်ဇေယျာရပ်ကွက်(၅)လမ်းတွင် နေထိုင်သူဖြစ်သည်။ ဖြစ်စဉ်မှာ ၎င်းနေ့ည(၇)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းနေစဉ် ချောင်းရေထဲမှ မျှောပါလာသော ပစ္စည်းတစ်ခုအား ထိုကလေးမှ ဆင်း၍ဆယ်ယူရာတွင် ချောင်းရေထဲသို့ မျှောပါသေဆုံးသည်ဟု သိရ၏။ ထိုနေ့ည (၉)နာရီမှာ မြို့ Love Gerden ကာရာအိုကေ ဘီယာဆိုင်၏ ချောင်းဘေးတွင် သေဆုံးနေကြောင်း အလောင်းကိုတွေ့မြင်ရသည်။ ယင်းကိစ္စကို သေမှုသေခင်း ၆/၂၀၁၂ ဖြင့် မကွေးမြို့ အမှတ်(၂)ရဲစခမ်းမှ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်

No comments:

Post a Comment