Pages

Wednesday, October 17, 2012

`အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မကွေးခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်၏ ညှိုနှိုင်းဆွေးနွေးပွဲ´

(၆-၁၀-၂၀၁၂)နေ့ နံနက်(၁၀)နာရီတွင် မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီလမ်းရှိ မကွေးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမ၌ မကွေးခရိုင်ညီလာခံကော်မရှင်၏ညှိုနှိုင်းဆွေးနွေးပွဲကျင်းပကြောင်း မဇ္ဈိမ ကသတင်း ရရှိပါသည်။ ၎င်း မကွေးခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးရဲတင့် ထံ မဇ္ဈိမ ကသွားရောက်သတင်းရယူခဲ့ပါသည်။ ``ယခုဆွေးနွေးပွဲက မကွေးခရိုင်ညီလာခံကျင်းပရေးကော်မရှင် ညှိုနှိုင်းကြတာပါ။ တက်ရောက်သူများကတော့ မကွေးခရိုင်၊မြို့နယ်စုစုပေါင်း(၂၇)ဦးတက်ပါတယ်။ နာယက ဦးအောင်စိုး၊ မကွေးခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးသာအောင်(မြို့သစ်)၊ အတွင်းရေးမှူး ဦးတင့်လွင့်(ရေနံချောင်း)၊ နှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်စုစုပေါင်း (၁၄)ဦး တက်ရောက်ကြပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက် ညီလာခံများကို ၂၀၁၂ ခု အောက်တိုဘာလ ဒုတိယပါတ်(၁၅)ရက်နေ့၊ နောက်ဆုံးထားပြီး အောင်မြင်စွာကျင်းပကြရန် (ဗဟို) ခွင့်ပြုပြီးဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အစည်းအဝေးဟာ လိုအပ်တာများကို အပြန်အလှန် ညှိုနှိုင်းကြပြီး တာဝန်ခွဲယူကြပါတယ်။ မကွေးမြို့မှာ တိုက်နယ်(၇)ခု၊ အုပ်စုပေါင်း(၇၆)ခု မြို့ပေါ်(၂၅)ရပ်ကွက်ပါ ပါတယ်။ အောက်ခြေအဆင့်ဆင့် ကျေးရွာအုပ်စုတွေအထိ NLD ပါတီ ညီလာခံတွေလုပ်ပေးကြရမှာ ဖြစ်ပါတယ်ခင်ဗျာ..။´ဟု မကွေးခရိုင်ညီလာခံကျင်းပရေးကော်ရှင်အဖွဲ့ဝင် ဦးရဲတင့်မှ မဇ္ဈိမ ကိုပြောသည်။ မဇ္ဈိမ သတင်းဂျာနယ် အမှတ်(၁) အတွဲ(၃)တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment