Pages

Monday, November 25, 2013

(၁၄)ကြိမ်မြောက် မဟာသမယသုတ်ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲကျင်းပ

မကွေး နိုဝင်ဘာ ၂၆ တိုင်းပြည် နိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာ၍ ဘေးအန္တရာယ်ဟူသမျှမှ ကင်းဝေးစေရန်နှင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ ပြန့်ပွား ထွန်းကားစေရန် ရည်မှန်းကာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၁၃-ခုနှစ်၊(၁၄)ကြိမ်မြောက် မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက် နံနက်(၈)နာရီက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မြမဉ္စာဓမ္မသဘင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြား ပါသည်။ ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ကို စတင်ကျင်းပပါသည်။ အဆိုပါရွေးချယ်ပွဲကို နိုဝင်ဘာလ (၂၆)ရက်နေ့ မှ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မကွေးမြို့နယ်၊မင်းဘူးမြို့နယ်များရှိ ရပ်ကွက်များမှ ၀တ်အသင်းများ၊ဌာနဆိုင်ရာဝတ်အသင်းများ၊ အ.ထ.က ကျောင်းများမှ ၀တ်အသင်းများ စုစုပေါင်း ၀တ်အသင်း(၃၀) ပါဝင် ရွတ်ဆိုပူဇော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)

No comments:

Post a Comment