Pages

Wednesday, December 4, 2013

`` ကံမမြို့နယ် ဧရာဝတီမြစ်တွင်း၌ စက်တပ်လှေငယ်တစ်စင်းနစ်မြုပ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ´´

ဒီဇင်ဘာ(၃)ရက် နံနက်(၆း၃၀)အချိန်ခန့်တွင် ကံမမြို့နယ် ဧရာဝတီမြစ်တွင်း၌ စက်တပ်လှေငယ်တစ်စင်း နစ်မြုပ်၍ အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၃)ရက် နံနက်(၆း၃၀)အချိန်ခန့်တွင် အဆိုပါစက်တပ်လှေသည် အောင်လံမြို့နယ် သရက်တောကျေးရွာသို့ ခုတ်မောင်းနေရာ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာ၊ ဆူးလေတန်းဘုရားအနီး ရောက်ရှိစဉ် ဧရာဝတီမြစ်ထဲသို့ နစ်မြုပ်သွားကြောင်း၊ ၎င်းစက်တပ်လှေတွင် မောင်းနှင်သူမှာ အောင်လံမြို့နယ် သရက်တောရွာနေထိုင်သူ ဂျပန်ကြီး နှင့် တစ်ရွားတည်းသား ဦးသိန်းဟန်၊ ဦးဇော်နိုင်၊ မခိုင်ကြည်တို့ သုံးဦးအားတင်ဆောင်လာခဲ့ကြောင်း၊ ၎င်းတို့သုံးဦးမှ ဦးသိန်းဟန်(ဘ) ဦးမောင်၊ စက်လှေမောင်းလုပ်ငန်း သရက်တောကျေးရွာနေသူ ပျောက်ဆုံးနေကြောင်းသိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ စက်တပ်လှေငယ် မောင်း ဂျပန်းကြီး(ဘ) ဦးအောင်ညွှန်၊ အား ကံမမြို့မရဲစခန်းမှူး ရဲအုပ်ထွန်းစံအောင်က တရားလိုပြုလုပ်၍ ဒီဇင်ဘာ(၃)ရက် နေ့(၄)နာရီအချိန်ခန့်တွင် ကံမမြို့မရဲစခန်း(ပ)၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၀ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

No comments:

Post a Comment