Pages

Saturday, January 11, 2014

``သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်ကျင်းပ´´

ဇန်န၀ါရီ(၁၀)ရက်၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခန်းမ၌ သောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ (Workshap on Regional WASH Plainning ) ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေ သကြီးကျန်းမာရေးဦးစီးဌာန နှင့် သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန (ယူနီဆက်) တို့ ပူးပေါင်းကျင်းပကြောင်း၊ တက်ရောက်လာသူများမှာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အဖွဲ့ဝင်တစ်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ တစ်ဦး၊မြို့နယ်ဖွံရေးအထောက်အကူပြုအဖွဲ့မှ တစ်ဦး တစ်မြို့နယ် လျှင် စုစုပေါင်း(၃)ဦးနှုန်းဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ စုစုပေါင်း(၇၅)ဦးခန့် တက်ရောက်ကြောင်း၊ နံနက်ပိုင်း အလုပ်ရုံဆွေးနွေးပွဲကို သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး(ယူနီဆက်)အဖွဲ့မှ ဦးစီးအရာရှိ ဦးခင်အောင်သိန်း က ဦးဆောင်ဆွေးနွေးပြီး အုပ်စု(၅)ဖွဲ့ခွဲ၍ အသေးစိတ်ပြန်လှန်ဆွေးနွေးတင်ပြကြောင်း သိရသည်။ ဒုတိယပိုင်း(နေ့လည်)အချိန်အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးအောင်နိုင် တို့ မှ လာရောက်လေ့လာ နှုတ်ဆက်အားပေးကြောင်း သိရသည်။ ဒုတိယပိုင်းအလုပ်ရုံဆွေးနွေးပွဲ တွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေး နှင့် မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးမှူး ဦးနေထက်ရှိန် တို့တက်ရောက်၍ ဆွေးနွေးမေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment