Pages

Wednesday, January 22, 2014

အကြီးစား စက်ရုံ(မလွန်)သို့ တောင်သူများ သွားရောက်လေ့လာ

မကွေး ဇန်န၀ါရီ ၂၁ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်တည်ရှိသော စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်လုပ်ငန်း၊ အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)သို့ ဇန်န၀ါရီလ(၂၁)ရက်နေ့ နံနက်(၉)နာရီက သရက်ခရိုင်နှင့်မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ တောင်သူ(၁၃၆)ဦး သွားရောက် လေ့လာကြည့်ရှုခဲ့သည်။ ရှေးဦးစွာ အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)ရှိ အစည်းအဝေးခန်းမတွင် လေ့လာရန်ရောက်ရှိလာသော တောင်သူများအား စက်ရုံမှူး ဦးအောင်စိုးဝင်းမှ စက်ရုံ၏ စက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် အရည်အသွေး ကောင်းမွန်းရေးစီမံဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်နိုင်မှ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်မှုနှင့် အရစ်ကျစနစ်ဖြင့် တောင်သူများအား ရောင်းချမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပါသည်။ ထို့နောက် စက်ရုံအတွင်းရှိ ထုတ်လုပ်ထားရှိသော ဆန်စပါးကြိတ်ခွဲစက်မှ လက်တွေ့ ကြိတ်ခွဲနေမှု နှင့် လယ်ယာသုံးစက်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်နေမှုများကို တက်ရောက်လာသူများမှ လေ့လာကြည့်ရှု ကြပါသည်။ အဆိုပါစက်ရုံမှ လယ်ယာသုံးထွန်းစက်များနှင့် နောက်တွဲယာဉ်များ၊တစ်နာရီ ဆန်တင်း(၃၀)နှင့်(၁၅)တင်းကျ ဆန်စပါးကြိတ်ခွဲစက်ငယ်များ၊(၁၀)တန်နှင့်(၂၅)တန် လမ်းကြိတ် စက်များ၊250-CC အင်ဂျင်ပါဝါရှိသော သုံးဘီးဆိုင်ကယ်များနှင့် စပါးချွေလှေ့စက်များ ထုတ်လုပ် ရောင်းချပေးလျက်ရှိရာ တောင်သူများအနေဖြင့် စက်ပစ္စည်းများဝယ်ယူလိုပါက ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း ထောက်ခံချက်ဖြင့် စက်ပစ္စည်းတန်ဘိုး၏ ၄၀%အား ပေးသွင်း ထုတ်ယူနိုင်ပြီး ကျန်ငွေအား (၆)လတစ်ကြိမ် ၃၀% ပေးချေသွားရမည်ဖြစ်သည်။ မင်းဘူးခရိုင်အတွင်းရှိ တောင်သူတစ်ဦးမှ အပြင်မှာဝယ်ရင် စက်ပစ္စည်းရဲ့တန်ဘိုးငွေအပြည့် ပေးချေရမယ်၊စက်အာမခံမှု မသေချာဘူး၊ယခုစက်ရုံကထုတ်တဲ့စက်ပစ္စည်းတွေက အာမခံချက်ရရှိပြီး ပစ္စည်းတန်ဘိုးရဲ့ ၄၀% ပေးသွင်းရုံနှင့် စက်ထုတ်ယူအသုံးပြုလို့ရတယ်၊လယ်ယာလုပ်ငန်းခွင်မှာ ယခင်ကထက် လုပ်ငန်းပိုမိုတွင်းကျယ်လာပြီး စိုက်ပျိုးကုန်ကျစရိတ်လည်းသက်သာလာမယ်၊ကျန်ငွေ ကလည်း (၆)လတစ်ကြိမ် ၃၀%ပဲပေးသွင်းရမှာဆိုတော့ ကျွန်တော်တို့တောင်သူတွေရော၊ရွာမှမြို့ကို ပြေးဆွဲမည့် သုံးဘီးဆိုင်ကယ်တွေအတွက်ပါ အထူးအခွင့်အရေးတစ်ရပ် ချပေးလိုက်သလိုပါပဲ ဟု ၀မ်းသာအားရ ပြောကြားသွားသည်ကို သိရှိရသည်။ ညီညီမောင်(IPRD) သတင်းပေးပို့သူ - ဦးညီညီမောင်(မကွေး ပြန်/ဆက်)

No comments:

Post a Comment