Pages

Friday, January 31, 2014

ကျောက်တန်းကျေးရွာ အားကစားစုံညီပွဲတော်ကျင်းပ

မင်းဘူး ဇန်န၀ါရီ ၃၁ မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာ အမှတ်(၂၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့က ကျောင်းသား /ကျောင်းသူများ ဥာဏစွမ်းအား၊ကာယစွမ်းအား ထူးချွန် ထက်မြက်ဖွံ့ဖြိုးတိုးတက်လာစေ ရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လွင် တို့မှ ဦးဆောင်ကာ ကျောက်တန်းကျေးရွာ အားကစားကွင်းတွင် မီတာ ၁၀၀ လက်ဆင့်ကမ်းပြေးပွဲ၊အားလူး ကောက်ပြိုင်ပွဲ၊စကောရွက်ပြိုင်ပွဲ ၊အပ်ထိုးပြိုင်ပွဲ၊မုန့်စားပြိုင်ပွဲ၊အမြန်အင်္ကျီဝတ်ပြိုင်ပွဲ၊သင်္ချာအမြန်တွက် ပြိုင်ပွဲ၊အသင်းလိုက်ဘောလုံး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ကျောင်းသားမိဘများနှင့် ဒေသခံပြည် သူများမှ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲဆုရကျောင်းသား/ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်အား/ကာကော်မတီ အဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များမှ ဆုများအသီးသီးချီးမြှင့်ပေးအပ် ခဲ့ကြောင်းသိရသည်။ သူရထွန်း သတင်းပေးပို့သူ ဦးတင်ထွန်းဦး တိုင်းဒေသကြီးပြန်/ဆက်

No comments:

Post a Comment