Pages
▼
Thursday, February 27, 2014
``အမျိုးသား သတင်းစာပညာရေး မြန်မာသတင်းစာပညာကျောင်း ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ရန်စီစဉ်´´
Tuesday, February 25, 2014
``မကွေးမြို့တွင် လူ့အခွင့်အရေး ဆွေးနွေးဟောပြောပွဲ မှာ မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ က ၀န်ကြီး ဦးအုန်းမြင့်ပြောစကား နှင့် သမီးကလေးကျေးရွာ ဒုက္ခသည်များ ကိစ္စမေးမြန်း´´

Monday, February 24, 2014
``တောင်တွင်းကြီးမြို့တွင် ၀ါဝါ၀င်းဆီစက် ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွား´´
ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်ရှိ၊ ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ အနောက်ဘက် တစ်ဖာလုံခန့်၌ မီးခိုးများတက်လာသည်ကိုမြင်ရသဖြင့် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍သွားရောက်ခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းခြင်းမှာ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂) ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်၌ ဓာတ်ဆီပေပါအတွင်းမှ ဓာတ်ဆီအား (၅)ဂါလံဆန့်သော ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်ရာ သဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်ရာဆီစက်သည် ပေလေးဆယ်ပတ်လည်ရှိ သွပ်မိုး၊ အုပ်ညှပ်အဆောက်အဦးဖြစ်ကြောင်း၊ ၎င်းနေအိမ် အဆောက်အဦးတစ်လုံး၊ ဓာတ်ဆီတစ်ပေပါ၊ ဆီကြိတ်စက်ဟောင်းတစ်လုံး၊ ရေခဲသေတ္တာ၊ ကွန်ပျူတာနှင့် အတွင်းပစ္စည်းများ တန်ဘိုးစုစုပေါင်းကျပ်ငွေ(၈၅၀၀၀၀ိ) ရှစ်သိန်းခွဲခန့်ဆုံးရှုံးကြောင်း၊ ၎င်း မီးလောင်မှုဖြစ်ပွားသော ၀ါဝါ၀င်းဆီစက်မှ (အဖ) ဦးရဲမြင့်သမီး ဒေါ်စိမ်းစိမ်း(၄၈)နှစ်အား တောင်တွင်းကြီး မြို့မရဲစခန်း၌ (ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ် မီးသတ်ဌာနမှ သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီတွင် မီးစတင်လောင်ကျွမ်းနေစဉ် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍ မီးငြိမ်းသတ်ကား(၆)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့နှင့်အတူ သန္ဓေမီးသတ်(၁၅)ဦး၊ အရန်မီးသတ်(၁၀၀)ဦး၊ ကြက်ခြေနီ(၁၅)ဦးတို့က ၀ိုင်းဝန်း၍မီးငြိမ်သတ်ရာ ညနေ(၄)နာရီ အချိန်တွင် မီးညွန့်အားထိမ်းနိုင်ပြီး၊ ညနေ(၅)နာရီအချိန်မှာ မီးငြိမ်းသတ်ပြီးကြောင်း ၎င်းမီးလောင်ရာ၌ လူ၊ တိရစ္ဆာန် ထိခိုက်ခြင်းမရှိ၊ သေဆုံးခြင်းမရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
ဒုတ်ထမ်း၊ဒါးထမ်း ဆည်ရေ ယူကြစတမ်း


မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်


ရာသီစာ ပိန်းနဲသီးနုလေးများ

``ပခုက္ကူမြို့နယ်နှင့် မြစ်ခြေတိုက်နယ် အတွင်း၌ လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား ပြည်သူများက တတိယအကြိမ်ဆန္ဒပြ´´

`` ဘဏ်မှ ငွေထုတ်ယူလာသူ အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်စီးလင်မယားက လုယက်မှုဖြစ်ပွား´´
ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ မြို့ပါတ်လမ်းနှင့် ပြည်တော်သာလမ်းထောင့် တွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးတစ်ယောက်ထံမှငွေထုပ်ကို အမျိုးသားတစ်ဦးလင်မယားနှစ်ယောက် က လုယက်သွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်နိုင်ရပ်၊ လမ်း(၂၀)နေသူ မနွယ်နွယ်သန်း(၄၀)နှစ်သည် ဆိုင်ကယ်ဖြင့် မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ် ခုနှစ်သိန်းကျော်ကို ထုတ်ယူလာသည်။ ငွေထုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်၍ မြို့ပါတ်လမ်းနှင့် ပြည်တော် သာလမ်း ထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်တွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် နောက်တင်မှ၍ ငွေထုပ်ကိုင်သူဆိုင်ကယ်၏နောက်ကို လိုက်ပါလာကြောင်း၊ ၎င်းအမျိုးအစား (နံပါတ်မသိ) ဆိုင်ကယ်သည် မနွယ်နွယ်သန်း၏ ဆိုင်ကယ်အား လက်ဝဲဘက်မှ ကျော်တက်ပြီး ၎င်းဆိုင် ကယ်နောက်မှ ပါလာသူ အမျိုးသမီးတစ်ဦးက မနွယ်နွယ်သန်းလက်ထဲက ငွေအိပ်ကို လုယူ၍ မြို့ပတ်လမ်းအတိုင်း တောင်ဘက် ပညာရေးတက္ကသိုလ်ရှေ့ ကြာပန်းအ၀ိုင်းသို့ ထွက်ပြေးသွားကြောင်း၊ မနွယ်နွယ်သန်းက အော်ဟစ် အကူအညီတောင်း၍ ၀ိုင်းဝန်းလိုက်သွားကြကြောင်း၊ ငွေလုယူသွားသော ဆိုင်ကယ်သည် ၎င်း ကြာပန်းအ၀ိုင်းမှ အထက(၁)လမ်းအတိုင်း မောင်းပြေးကြောင်း၊ ၎င်းအထက(၁)လမ်းမှ အဝေရာလမ်းဘက်ချိုးကွေ့ဝင်ပြီး ကားကြီးကွင်းတောင်ဘက်လမ်း၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်း ထောင့်ရှိ BLESSING လက်ဖက်ရည်ဆိုင် အနီးတွင် မျက်ခြေပြတ်သွားခဲ့ကြောင်း ငွေထုပ်အားလုယူသွားသူများကို ၀ိုင်းဝန်းဖမ်းဆီးသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါအမှုကို ဖေဖော်ဝါရီ(၂၁)ရက် ညနေ(၆)နာရီအချိန်ခန့်တွင် ငွေထုပ်ပိုင်ရှင် မနွယ်နွယ်သန်း က တရားလိုပြုလုပ်၍ အမည်မသိအမျိုးသားနှင့် အမျိုးသမီးတို့အား ဖမ်းဆီးဖော်ထုတ်ပေးပါရန် မကွေးနယ်မြေရဲစခန်း ၌ (ပ)၄၂/၂၀၁၄ ပြစ်မှုပုဒ်မ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးနှစ်ဦး ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ၍ ဆိုင်ကယ်ဖြင့်အပြန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့်အရောက်၌ ဆိုင်ကယ်စီးအမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်ပြီး ငွေထုတ်အားလုယူသွားခဲ့ကြောင်း၊ ၎င်း ငွေထုတ်လုယူထွက်ပြေးသွားသော မော်တော်ဆိုင်ကယ်စီး တရားခံအား (၂၄)နာရီအတွင်း ဖမ်းဆီးရမိကြောင်း၊ ပထမ အကြိမ်အဖြစ် သတင်းဖြစ် ပေါ်ခဲ့သည်။
Sunday, February 23, 2014
`` ရဲတပ်ဖွဲ့ကားနှင့် လိုက်ထရပ်ကား အရပ်သားတို့၏ ကားနှစ်စီး မကွေးမြို့လယ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်၊ အရပ်သား ယာဉ်မောင်းအား အရေးယူအမှုဖွင့်´´



``မကွေးမြို့တွင် တစ်ရက်တည်း ယာဉ်တိုက်မှု (၄)မှုဖြစ်ပွားကြောင်း သိရ´´


``သွေးမေတ္တာပရဟိတအသင်း ချောက်မြို့တွင် ရုံးခွဲဖွင့်လှစ်´´
ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂)နာရီအချိန်ခန့်ထိ ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်ရှိ အလုပ်သမားအပန်းဖြေရိပ်သာ၌ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)၏ ချောက်မြို့နယ်ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။
၎င်းပွဲသို့ သွေးမေတ္တာပရဟိတအသင်း(ချောက်မြို့ရုံးခွဲ)မှ နာယကရွှေပုံတောင်တောရဆရာတော် ဘဒ္ဒ န္တ တိက္ခသာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) နာယကဆရာတော် အရှင် ဆန္ဒာဓိက(မန္တလေး)၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်၊ ချောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်၊ ရုပ်ရှင်သရုပ်ဆောင် နိုဗယ်ကျော်ကျော်၊ ချောက်မြို့ရုံးခွဲ ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များ ချောက်မြို့နယ်နိုင်ငံရေးပါတီများ (NDF), (NLD)ပါတီတို့မှ ဥက္ကဋ္ဌများ၊ လူမှုရေး အသင်းဖွဲ့များ နှင့် ချောက်မြို့ စက်မှုလက်မှုကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။
၎င်းသွေးလှူသင်းကြီးမှ သွေးလှူခြင်းမှာ ဒုတိယ၊ သာသနာပြုလုပ်ငန်းသည် ပထမအချက် ဖြစ်ကြောင်း၊ အသင်းတွင် လူမျိုး၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပေါင်းစုံ၊ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ ဆင်းရဲ ချမ်းသာမရွေး လူမျိုးပေါင်းစုံပါဝင်ပြီး မိမိနှစ်သက်ရာ ဘာသာကို သာသနာပြုစေလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရုံးချုပ်တွင် ရုံးခွဲပေါင်း(၁၄)ခုရှိပြီး နေ့စဉ်ကလေး(၃၀)ဦးအား အရေးပေါ်သွေးလှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့တွင်နေ့စဉ်သွေးပုလင်းပေါင်း(၃၅၀)ခန့်လိုအပ်လျှက်ရှိရာ အမျိုးသားသွေးလှူ ဘဏ်မှ သွေးပုလင်း(၂၀၀)ခန့်သာ လှူဒါန်းနိုင်ပြီး ကျန်သွေးပုလင်း(၁၅၀)အား ပရဟိတအသင်းများမှ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူမှုရေးအဖွဲ့(၆၀)ခန့်စုပေါင်းကာ လူမှုရေးကွန်ရက်ဖွဲ့စည်းထား ကြောင်း၊ ချောက်မြို့တွင်းလည်း ဖွဲ့စည်းထားစေလိုကြောင်း သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်မှ ပြောကြားသည်။
ထို့နောက် ချောက်မြို့မှ မနောဖြူလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ၊ ရွှေပါရမီအခမဲ့ဆေးခန်း ဘဏ္ဍာရေးမှူး၊ YMCA ချောက်ရုံးခွဲ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ် သစ္စာအောင်လူမှုရေးအသင်း ဥက္ကဋ္ဌ၊ ချောက်မြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး၊ စလေတိုက်နယ် ကြက်ခြေနီအသင်း တို့မှ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
``ရေနံစိမ်းချက်ဖိုများ မင်းလှမြို့နယ် ရေနံမရွာအနီးမှာ ဖမ်းဆီးရမိ၊ တရားခံများထွက်ပြေး´´
ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ရေနံမကျေးရွာအနီးတွင် ရေနံစိမ်း ချက်ဖိုများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်နိုင်ဦးတို့အဖွဲ့သည် ရေနံမနယ် မြေအတွင်းရှိ ရေနံချက်ဖိုများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ရေနံမကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ရွာသာလှ ကျေးရွာလမ်းပေါက်၌ ကျော်ဇင်ထိုက်(၄၁)နှစ်၊ ရှမ်းစုရွာ၊ ပျော်ဘွယ်မြို့နယ်၏ ချက်ဖို(၁)ဖို၊ ရေနံမကျေးရွာ၏ မြောက်ဘက် (၁)မိုင်ခန့်အကွာ တောထဲတွင် ဘိုတင့်၏ ချက်ဖို(၂)ဖိုအား ဖမ်းဆီးမိကြောင်း၊ ၎င်းနေရာအနီး ချက်ဖို(၂)ဖိုအားဖမ်းဆီးရာ ပိုင်ရှင်သိန်းအောင်နှင့် ဘိုတင့်တို့မှာ ထွက်ပြေးသွား၍ နေရပ်လိပ်စာ စီစစ်ဆဲဖြစ်ကြောင်း၊ စုစုပေါင်း ရေနံစိမ်းချက်ဖို(၅)ဖိုနှင့်အတူ သက်သေခံပစ္စည်းများအား သိမ်းဆီးရမိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၈း၃၀)နာရီအချိန်တွင် ၎င်းချက်ဖိုပိုင်ရှင်များအား ရေနံမနယ်မြေရဲစခန်း၌ (ပ) ၁၂/၂၀၁၄၊ နိုင်ငံတော်စီးပွားကာကွယ်ရေးအက်ဥပဒေ ၉ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းအရ သတင်းရရှိသည်။
``မင်းဘူးမြို့ မန်းရေနံမြေတွင်း၌ ရေနံစိမ်းခိုးသူအား ဖမ်းဆီးရမိ´´
ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်း၌ ရေနံစိမ်းခိုးသူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မန်းရေနံမြေလုံခြုံရေးဌာနမှ ဒုတပ်ကြပ် ဌေးဇော်နှင့်အဖွဲ့သည် ရေနံမြေအတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရေနံတွင်းအမှတ်(၃၃)အနီးအရောက် တွင် ရေနံတွင်းဘူးပလပ်အားဖွင့်၍ တစ်လက်မပိုက်ပျော့ အရှည်(၁၃)လက်မခန့်ဖြင့် ရေနံခိုးထုတ်နေသူ တစ်ဦးကို တွေ့ရှိကြောင်း၊ ထိုသူခိုးအား ၀ိုင်းဝန်းဖမ်းဆီးရာ ၀င်းမြင့်သိန်း(၃၀)နှစ်၊ ကျပန်း၊ အောက်ကျောင်းကျေးရွာ၊ မင်းဘူးမြို့နယ်တွင်နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ရေနံစိမ်း(၄)ဂါလံစီပါသော အိတ်(၂)အိတ်ပါ ပူးတွဲ ဖမ်းဆီးရမိကြောင်း၊ ရေနံစိမ်းခိုးယူသူ ၀င်းမြင့်သိန်း အား မင်းဘူးမြို့မရဲစခန်းမှ (ပ) ၂၁/၂၀၁၄၊ ပပက ၆(၁)အရ အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်းရရှိသည်။
``မန်းရွှေစက်တော်ဘုရားပွဲတွင်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ´´
ဖေဖော်ဝါရီ(၂၀)ရက် နေ့(၁)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်တွင်း လှေတင်ဈေးဆိုင် တန်းရှိ ချမ်းမြေ့အောင် မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်ခန်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သတင်းပေးချက်အရ ၎င်းဆိုင်ခန်းသို့ မန်းရွှေစက်တော်ရဲကင်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့်အဖွဲ့ သည် ၀င်ရောက်ဖမ်းဆီးရာ ဖဲလောင်းကစားနေကြသူ (၆)ဦးနှင့်အတူ ဖဲချပ်နှင့် လောင်ကစားကြေးငွေကျပ် (၆၄၅၀)တို့အား ဖမ်းဆီးရမိကြောင်း၊ ဆိုင်ခန်းပိုင်ရှင် ချမ်းမြေ့အောင်(၂၉)နှစ်၊ ရန်နိုင်ရပ်ကွက်၊ မကွေးမြို့နေသူနှင့် အတူ ရဲအောင်(၂၂)နှစ်၊ ငဖဲမြို့၊ မျိုးကို(၁၇)နှစ်၊ ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ ပေါ်ကြီး(၂၂)နှစ် ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ မိုးသူ(၂၇)နှစ်၊ ရွာဟောင်းကန်ရွာ၊ မကွေးမြို့နယ်၊ ကျော်မင်း(၂၂)နှစ် စကုမြို့တွင် နေထိုင်သူ (၆)ဦးအား ဖေဖော်ဝါရီ(၂၀)ရက် ညနေ(၅း၃၀)နာရီအချိန်တွင် စကုနယ်မြေရဲစခန်း၌ (ပ) ၁၆/၂၀၁၄၊ လောင်းကစားပြစ်မှုပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်း ရရှိသည်။
Thursday, February 20, 2014
မကွေးမြို့ နိုင်ငံခြားခရီးသွားများဖြင့် အနှေးယာဉ် ဆိုက်ကားနင်းသူများ အလုပ်ဖြစ်
``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´





``(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ မကွေးမြို့တွင် ကျင်းပ´´



Wednesday, February 19, 2014
``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့မှ မကွေးမြို့တွင်း မီးဘေးကြိုတင်တားဆီး ကာကွယ်ရေးအတွက် လှည့်လည်စစ်ဆေး´´




မင်းတုန်းမြို့နယ် ရပ်ကွက်လမ်းများ ကတ္တရာထပ်ပိုးလွှာခင်းပေး

ပြည်သူအများ စာပေရေချမ်းစင်ကို စိတ်ဝင်စားလာ

အလုပ်သမား ဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

Tuesday, February 18, 2014
``သူရိယနေ၀န်းဂျာနယ်(၂)စောင်မှ လူထုအသံ၌ ဖော်ပြထားသော ဆိပ်ဖြူမြို့ဝင်ဂိတ်တာဝန်ခံကိစ္စ ကောင်းမွန်(မကွေး)ကုမ္ပဏီ နှင့် လုံးဝမပါတ်သက်ကြောင်း သိရ´´

Sunday, February 16, 2014
``မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်းလင်းပွဲပြုလုပ်´´


တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။
သို့/
သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု ၀န်ကြီးများ
သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်နာယကကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ
နေပြည်တော်။
နေ့စွဲ ၂၀၁၄၊ ဖေဖော်ဝါရီ(၁၇)ရက်။
တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။
ကျွန်တော်သည် တပ်ကြပ်ကြီးအငြိမ်းစား ကျော်အောင်၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းလေးကျေးရွာ၊ မကြီးထူးအုပ်စု၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှာနေထိုင်သူ ပင်စင်စားတစ်ဦး ဖြစ်ပါတယ်။
ကျွန်တော်တို့ပင်စင်စား(နယ်ဘက်/စစ်ဘက်) အတော်များများဟာ ပင်စင်လစာ ရခဲ့တာနည်းပါးကြလို့ နိုင်ငံတော်ပင်စင်ဌာနသို့ အချိုး၂၅ ရာခိုင်နှုန်း အချိုး ၅၀ရာခိုင်နှုန်းတို့ဖြင့် တစ်လုံးတစ်ပေါင်းတည်းလဲလှယ်ခဲ့ကြ ပါတယ်။ အရပ်ပြောပြောရရင် ပင်စင်တစ်ဝက်ကို အပြတ်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်အခါက ပင်စင်စားရော ပင်စင်ဌာနပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ကျေနပ်ခဲ့ကြပါတယ်။
ယခုနိုင်ငံတော်အစိုးရသစ် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့လွှတ်တော်နာယကကြီး သူရရွှေမန်းက နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများကို လခ နှင့် ပင်စင်များကို တစ်နှစ်ချင်း တိုး၍ တိုး၍ ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအိုး လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် တိုးပေးတဲ့ ပင်စင်လစာရဲ့ တစ်ဝက်(၅၀)ရာခိုင်နှုန်းကို ပင်စင်ဌာနက ဖြတ်တောက်ယူနေတာ လုံးဝ သဘာဝမကျပါဘူး။ ယခင်ပင်စင်တစ်ဝက်ရောင်းတုန်းက ပင်စင်လစားရဲ့ တစ်ဝက်ကိုသာ အဲဒီတုန်းက ပင်စင်လဲလှည်တွက်ချက်ခဲ့တဲ့ နှုန်းထား စာချုပ်အတိုင်းသာ ဖြတ်တောက်ယူသင့်ပါတယ်။ ယခုအစိုးရအသစ် လက်ထက်မှာ တိုးပေးတဲ့ ပင်စင်ငွေထဲက လုံးဝ မဖြတ်သင့်ပါဘူး။ နိုင်ငံတော်က ပင်စင်စားများကို စေတနာမှန်ဖြင့် တိုးပေးထားတဲ့ ပင်စင်လစာအတိုင်း တစ်ဝက်ဖြတ်နေခြင်းအတွက် ပင်စင်စားများ အလွန်နစ်နာဆုံးရှုံးနေပါတယ်။
ကျွန်တော်တို့ လူအို လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် နိုင်ငံတော်အစိုးရအသစ်က စေတနာ အပြည့်အ၀နဲ့ ပင်စင်လစာ များတိုးပေးခဲ့ပေမဲ့၊ ပေးကားပေးသော်လည်း အပြည့်မရကြပါ၊ ကြွေးကား ကြွေးသော်လည်း မ၀ဖြစ်နေကြရပါတယ်။ နိုင်ငံတော်အတွက် သက်ပြည့်၊ နှစ်ပြည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာနဲ့ ထမ်းဆောင်လာခဲ့ကြတဲ့ ကျွန်တော်တို့ လူအို လူမွဲ ပင်စင်စားများကို ထပ်တိုးပေးတဲ့ ပင်စင်လစာ ငွေများကို အပြည့်အ၀ မဖြတ်မတောက်ဘဲ ထုတ်ပေးကြပါရန် လေးစားစွာနဲ့ ပင်စင်စားများရဲ့ကိုယ်စား အသနားခံတောင်းဆိုအပ်ပါ တယ်ခင်ဗျာ..။
ကျော်အောင်
တပ်ကြပ်ကြီးအငြိမ်းစား၊
ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊
ညောင်ကုန်းကျေးရွာ၊ မကြီးထူးကျေးရွာအုပ်စု
မြို့သစ်မြို့နယ်။ ဖုန်း ၀၉-၂၅၆၀၉၃၃၁၈
``မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်၊ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံဒေသရှိ လယ်သမားများ၏ လယ်မြေဧကပေါင်း(၂၁၀၅)ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က ပုံစံ(၇)ထုတ်မပေး´´

