Pages

Wednesday, February 19, 2014

မင်းတုန်းမြို့နယ် ရပ်ကွက်လမ်းများ ကတ္တရာထပ်ပိုးလွှာခင်းပေး

မင်းတုန်း ဖေဖော်ဝါရီ ၁၉ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် စတုတ္တ(၃)လပတ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၂၈၉၅၀၀၀ိ/-)ကျပ် အကုန်အကျခံ၍ လမ်းအကျယ် (၁၂)ပေ၊ အရှည် (၃၄၀)ပေ ရှိ အမှတ်(၂)ရပ်ကွက်၊ ရုံးလမ်းအား ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လ/ထညွှန်ကြားရေးမှူး မှ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် တာဝန်ခံ အင်ဂျင် နီယာတို့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ အမှတ်(၂)ရပ်ကွက် ရုံးလမ်းသည် ယခင်က ပြည်သူများအသုံးပြုမှုများလာခြင်းနှင့် ရေတိုက်စားမှုများကြောင့် ပျက်စီးနေသဖြင့် ယခုနှစ်အတွင်း ကတ္တရာ ထပ်ပိုးလွှာခင်းပေးသဖြင့် ဒေသခံပြည်သူများနှင့် ၀န်ထမ်းများ သွားလာရလွယ်ကူ အဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။ သူရထွန်း (မကွေး) သတင်းပေးပို့သူ ဦးတင်ထွန်းဦး

No comments:

Post a Comment