Pages

Wednesday, February 12, 2014

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၂ မကွေးတိုင်းဒေသကြီး (၆၇)နှစ်မြောက်ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက် (၇)နာရီအချိန်က မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊မကွေးမြို့ပေါ်ရပ်ကွက်များမှ ပြည်သူ များတက်ရောက်ကြသည်။ အခမ်းအနားတွင် စစ်ရေးပြမှူး ဦးဆောင်သော ဂုဏ်ပြုတပ်ခွဲမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မထံမှ သ၀ဏ်လွှာ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဖတ်ကြာ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး

No comments:

Post a Comment