Pages

Monday, February 10, 2014

စံပြ ကံမ္မကျေးရွာ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေး

မကွေး ဖေဖော်ဝါရီ ၉ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြသောအားဖြင့် ဆရာတော် ဘဒ္ဒန္တ ဂုဏာလင်္ကာရ(အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ)နှင့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၉)ရက် နံနက်(၉)နာရီက ပခုက္ကူမြို့နယ် စံပြကမ္မကျေးရွာ တိုက်နယ် ဆေးရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ မှ သြ၀ါဒစကား ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မျက်စိဝေဒနာရှင်များအားခွဲစိတ် ကုသပေးမှုနှင့်ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီး ဌာနမှ ရှင်းလင်းတင်ပြပြီး ဆရာတော် ဘဒ္ဒန္တ ဂုဏာလင်္ကာရ မှ ဆေးရုံအတွက် (၃)သိန်းတန်းဘိုးရှိ အဲယားကွန်းနှင့် ခွဲစိပ်ပါရဂူ၊ဆရာဝန်၊သူနာပြုများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ ဆက်လက်၍ မျက်စိခွဲစိပ်ထားသောလူနာရှင်များကိုယ်စား ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ မျက်စိခွဲစိပ် လူနာများအား မျက်မှန်များလှူဒါန်းတပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိပ်ကုသပေးခြင်းသည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း၊ယခုအခမဲ့ခွဲစိပ်ကုသပေးမှုတွင် စံပြကမ္မ ကျေးရွာအုပ်စုအနီးရှိ ကျေးရွာ(၇၆)ရွာမှ မျက်စိဝေဒနာရှင် (၁၁၄၄)ဦးကိုစမ်းသပ်ပေးခဲ့ပြီး၊(၂၆၅)ဦးအားခွဲစိတ်ပေး၍ (၃၃၄)ဦးအား မျက်မှန်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း၊ကျပ်(၁၂၅)သိန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်းနှင့် မျက်စိခွဲစိပ်ပြီး အသက်(၇၃)နှစ်အရွယ် အဘွားတစ်ဦးမှ ယခုလို အခမဲ့မျက်စိခွဲစိပ် ပေးလို့ အလင်းပြန်ရတာ အရမ်းဝမ်းသာမိတယ်၊ဆောင်ရွက်ပေးတဲ့ အဖွဲ့ကလည်း ထမင်းလည်းကျွေးတယ်၊နေစရာပါစီစဉ်ပေးတယ်၊ အခမဲ့လဲ ခွဲစိပ်ကုသပေးတယ်၊ဒီတစ်သက် အဘွားမြေးလေးတွေ့ကို မမြင်နိုင်တော့ဘူး ထင်ထားတာ အခုတော့ ပြန်မြင်ရတော့မှာမို့ ၀မ်းသာပျော်ရွင်မိတယ်၊ဆောင်ရွက်ပေးတဲ့အဖွဲ့တွေကို အထူးကျေးဇူးတင်နေမိမှာပါ ဟု ၀မ်းသာအားရ ပျော်ရွှင်စွာပြောကြားခဲ့သည်ကိုလည်း သိရှိခဲ့ရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး

No comments:

Post a Comment