Pages

Monday, March 3, 2014

`` ရေရှည်ဖွံ့ဖြိုးတိုးတက်သောလူ့အဖွဲ့အစည်းသင်တန်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ဖွင့်လှစ်´´

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် မတ် (၃)ရက်၊ နံနက်(၈)နာရီအချိန်၌ ရေရှည်ဖွံ့ဖြိုး တိုးတက် သောလူ့အဖွဲ့အစည်းသင်တန်းစတင်ဖွင့်လှစ်၍ မတ်(၁၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ (မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်)၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယလွှတ်တော် ဥက္ကဋ္ဌ ဦးစောဝင်းမောင်၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကြည်ထွန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ သင်တန်းဆရာ ဦးသန်းထွန်း ပါ(၁၂)ဦး၊ ပါတီဝင်သင်တန်းသားများ(၁၀၃)ဦးနှင့် ဖိတ်ကြားထားသူများစုစုပေါင်း (၁၃၀)ဦးတက်ရောက်ကြောင်း သိရသည်။ အဆိုပါ ရေရှည်ဖွံ့ဖြိုးတိုးတက်သောလူ့အဖွဲ့အစည်းသင်တန်းကို ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ယခုသင်တန်း အတွေ့အကြုံများဖြင့် ပြည်သူများ၏ လိုအပ်ချက်ဆန္ဒများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်နှင့် စည်းလုံညီညွှတ်ရေးအတွက် အဓိကထား၍ရည်ရွယ်ပြီး ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ယခုသင်တန်းမှာ ပါတီဝင်သင်တန်းသားများအား ပညာဝမ်းစာဖြည့်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီ၊ လွှတ်တော်၊ အစိုးရလက်တွဲလျှက် နိုင်ငံတော်အတွက် အလုပ်အကြွေးပြုနေခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သည် ပါတီ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေ(၈၀) ရာခိုင်နှုန်းမှာ ကျေးလက်ပြည်သူများဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ က အဖွင့်အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်သည်။ ၎င်းသင်တန်းကို မတ်လ(၃)ရက်မှ (၁၄)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သတင်းရရှိသည်။

No comments:

Post a Comment