Pages

Tuesday, April 1, 2014

မင်းဘူးမြို့နယ်တွင် နွေရာသီစာတတ်မြောက်ရေး သင်တန်းဖွင့်လှစ်




မင်းဘူး    ဧပြီ    
        မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တွင် နွေရာသီစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၃၁)ရက်နေ့ နံနက် (၈)နာရီက မင်းဘူးမြို့ အ.ထ.က(၁) ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော် မှ စာတတ်မြောက်ရေးလုပ်အားပေးသွားမည့် မကွေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားပါသည်။
        ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူးရေးဝန်ကြီး ဦးအောင်နိုင်မှ ၂၀၁၄-ခုနှစ် နွေရာသီ စာတတ်မြောက်ရေး လုပ်အားပေးသွားမည့် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
        အဆိုပါ နွေရာသီစာတတ်မြောက်ရေးလုပ်အားပေးသွားမည့်အဖွဲ့သည် မကွေးတက္ကသိုလ်မှ  ကျောင်းသား /ကျောင်းသူ (၁၅၀)ဦးပါဝင်ပြီး ကြီးကြပ်သူ ဆရာ/ဆရာမများနှင့်အတူ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ (၄၅)ရက်ကြား  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် စာမတတ်သူမှ စာမဖတ်သူပပျောက် ရေးထိ ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ    ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)

အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 

No comments:

Post a Comment