မကွေးမြို့ ရန်ပယ်ရပ်ကွက်၊
မြို့ရှောင်လမ်းနှင့် နတ်မောက်လမ်းရှိ အထက(၃)ကျောင်း အစည်းအဝေး ခမ်းမ၌ ဧပြီ ၂၃ ရက်
နံနက် ၈နာရီအချိန်တွင် မကွေးလေတပ်ဌာနချုပ် မှ (၁/၂၀၁၄) လေကြောင်းလူငယ် သင်တန်းဖွင့်ပွဲ
ကျင်းပကြောင်း၊ သင်တန်းကာလ တစ်လခွဲဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီး များ၊ မကွေး လေတပ်ဌာချုပ် မှ ဌာနချုပ်မှူး နှင့်
သင်တန်းမှူး သင်တန်းဆရာမျာြး ဖစ်ကြသော အရာရှိ အရာခံ တပ်ကြပ်ကြီးများ ၊ အခြေခံပညာအလယ်တန်းအောင်သော
သင်တန်းသူ သင်တန်းသား နှစ်ဆယ့်ငါးဦး နှင့်
ဖိတ်ကြားထူသူ ဧည့်သည်တော်များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်မှာ လေကြောင်း သမိုင်း နှင့် လေကြောင်းသိပ္ပံဖွံ့ ဖြိုးရေး၊
လေယာဉ်ပျံသန်းမှု အတတ်ပညာအတွက် လေယာဉ်ပုံစံငယ် ရိမု ကွန်ထရိုးဖြင့်မောင်းနှင်ခြင်း၊ စိတ်ဓာတ် စည်းကမ်းပညာများတတ်မြောက်ရေး၊ လူငယ်များ
မိမိဝါသနာပါသော အတတ်ပညာလေ့ လာရေး တို့ဖြစ်ကြောင်း၊ မျိုးဆက်သစ် လေကြာင်းလူငယ်များပေါ်ထွန်းလာရေးတို့ဖြစ်ကြောင်း
သိရှိရသည်။
``ယနေ့သင်တန်းကို ကာကွယ်ရေးဦးစီးချုပ်၏
ညွှန်ကြားချက် အစီအစဉ်နဲ့ မကွေးလေတပ်ဌာနချုပ်အပါ ၀င် လေတပ်စခန်း ဌာနချုပ်များရှိတဲ့ မြို့ကိုးနေရာမှာ
တစ်ပြိုင်တည်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ မကွေး၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ နန့်စန်၊ တောင်ငူ၊
မိထ္ထီလာ၊ ပုသိမ်၊ ဟုမ္မလင်း၊ ရှမ်းတဲလေကြောင်းဌာနချုပ် များဖြစ်ပါတယ်။ နယ်တွေက သင်တန်း
သားများကို လေ့လာရေးအဖြစ် မင်္ဂလာဒုံလေတပ်ဌာနချုပ်သို့ တစ်ပါတ်ပို့ဆောင် သင်ကြားပေးခြင်းများ
ပြုလုပ် ပေးသွားမှာပါ၊ ၁၉၅၄/၁၉၆၂/၁၉၉၄/၁၉၉၈ ခုနှစ် ထိ လေကြောင်း လူငယ်၊ ရဲညွန့်စတဲ့သင်တန်းသားပေါင်း ၃၉၃၉
ဦးကို အောင်မြင်အောင်လေ့ကျင့် သင်ကြားပို့ချပေးပြီးခဲ့ဖြစ်ပါတယ်။´´ ဟု မကွေးလေတပ်ဌာနချုပ်မှ
ဌာနချုပ်မှူး က ၎င်းဖွင့်ပွဲတွင် ပြောကြား သည်။
သင်တန်းသားများရွေးချယ်ရာတွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်ရှိ၊အလယ်တန်းအဆင့်ကျောင်းသား
ကျောင်းသူများဖြစ်ကြောင်း၊ သင်တန်းသား များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ
ရွေးချယ်ပေးကြောင်း မကွေးလေတပ်ဌာန ချုပ် သင်တန်းမှူးတပ်ကြပ်ကြီး က မဇ္ဈိမ ကိုပြောသည်။
ဤသင်တန်း သည် မကွေးမြို့တွင် ပထဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းမှ
သင်တန်းသား/ သူများ၏ တည်းခိုနေထိုင်ရေးအတွက် မကွေးတိုင်း ပြည်ခိုင်ဖြိုးရုံးတွင် စီစဉ်ပေးကြောင်း
သတင်းရရှိသည်။
ဝိုင်းကြည်အောင်
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://www.winkyi.net
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
No comments:
Post a Comment