မကွေး ဧပြီ
၂၈
မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ် ၀ါတောချောင်းကျေးရွာ
လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးမှု ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၂၇)ရက်နေ့ ည(၇)နာရီအချိန်က
အဆိုပါကျေးရွာအ၀င်မုခ်ဦးတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ
ဦးကိုကိုနိုင်မှ ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းရေး နှင့် ပတ်သက်၍ တိုင်းဒေသကြီး
အစိုးရအဖွဲ့စီစဉ်ဆောင်ရွက်မှုဖြင့် 160 kVA (၁)လုံး၊(၉)မီတာ ကွန်ကရစ်မီးတိုင် များ၊လျှပ်စစ်မီးကြိုး(၄၀၀)ဗို့
ဓာတ်အားလိုင်း(၁၉)ခန်းတပ်ဆင်ရန် လျှပ်စစ်အင်ဂျင်နီယာများမှ ဆောင်ရွက်ပေးမှု လုံခြုံမှုစနစ်တို့ကို
အသေးစိတ်ရှင်းလင်းတင်ပြပြီး ၀ါးတောချောင်းကျေးရွာမှ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား
ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ကျေးရွာအ၀င် ဝေဠုဝန်ကျောင်းတိုင်အတွက်
ပါဝါမီတာ တပ်ဆင်ရန် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မတည်လှူဒါန်းငွေ(၁၄၈၂၅၀၀)ကျပ်အား
ကိုယ်စားလှယ် ဦးကြည်ထွန်းမှ ပေးအပ်လှူ ဒါန်းရာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ
ဦးကိုကိုနိုင်မှ လက်ခံရယူခဲ့ပြီး ၀ါးတောချောင်းကျေးရွာ လျှပ်စစ်မီး လင်းရေးအား ဖဲကြိုးအား
တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊၀န်ကြီး ဦးဝင်းမြင့်မောင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင် တို့မှ ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးပါသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေမှ ကျေးရွာ လျှပ်စစ်မီးလင်းရေး အထိမ်းအမှတ် ခလုပ်အား နှိပ်၍ လျှပ်စစ်မီးများ ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်တော်များနှင့်အတူ
ကျေးရွာအတွင်း လျှပ်စစ်မီးလင်းနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာနေပြည်သူများအား
ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ ၀ါးတောချောင်းကျေးရွာသည် အိမ်ခြေ(၁၅၀)ရှိပြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့၏
ကူညီပံ့ပိုးမှုဖြင့် မြန်မာ့လျှပ်စစ်ဓါတ်အားမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးခဲ့ရာ
ကျေးရွာနေ ပြည်သူများ လူမှုရေး၊စီးပွားရေး၊ပညာရေး လုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်၍
ဝမ်းသာ ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
မှတ်ပုံတင်အမှတ် ဂ/ပဖန(နိုင်)၀၆၉၉၇၈
ဖုန်း
0933248014
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
No comments:
Post a Comment