Pages

Saturday, May 17, 2014

သူနာပြုသင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ပွဲကျင်းပ




မကွေး      မေ      ၁၆
          မကွေးမြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း အပတ်စဉ်(၂၀) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်ပေးအပ်ပွဲအခမ်းအနားကို မေလ(၁၆)ရက်နေ့ နံနက်(၉)နာရီက မကွေးမြို့ သူနာပြု သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ  ယခုလို ဦးဆောင်း ဆောင်းခွင့်ရတာဟာ သူနာပြုဘ၀ရဲ့ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နှင့် ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်လို့  စဉ်ဆက်မပြတ် ကြိုးစားနေကြ ရန်လိုအပ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေးမှ သင်တန်းသား/သင်တန်းသူများအား လုပ်ငန်းလမ်းညွှန်မှုများ ဖြည့်စွက် ပြောကြားခဲ့သည်။

          ဆက်လက်၍ အပတ်စဉ်(၂၀) သူနာပြု ဒီပလိုမာ(၃)နှစ် သင်တန်းသား/သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဂျူတီကုတ်များနှင့် ဦးဆောင်းများ ပေးအပ်ပြီး ထူးချွန်သင်တန်း သား/သူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          မကွေးမြို့ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းတွင် သူနာပြု ဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ချီးမြှင့်ပွဲသည် အကြိမ်(၂၀)မြောက်ဖြစ်ကြောင်းနှင့် ယခုသင်တန်းတွင် သင်တန်းသား/သူ (၆၀)ဦး တက်ရောက်သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီး ပြန်/ဆက်)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)

No comments:

Post a Comment