မင်းဘူး မေ
၂၇
မင်းဘူး(စကု)မြို့နယ် ကျေးလက်နေပြည်သူများ၏
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဗိုလ်မှူးကြီး မျိုးသန့် ဦးစီးသော
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓါတ်မှန်ရိုက်ယာဉ်၊အထောက်အကူပြုယာဉ်များဖြင့်
ဒေသခံပြည်သူများ အား မေလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ပါသည်။
မင်းဘူး(စကု)မြို့နယ် ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်ရန်
ဗိုလ်ကြီး ဟန်မိုးဇော်ဦး ဆောင်သော အဖွဲ့(၁)နှင့် ဗိုလ်ကြီး သန်းထိုက်ဦးဆောင်သော အဖွဲ့(၂)ဟူ၍
အဖွဲ့(၂)ဖွဲ့ခွဲကာ ကျေးရွာများတွင် အခြေတည်၍ ပတ်ဝန်ကျင်ကျေးရွာများမှ ပြည်သူများအားကျန်းမာရေးစစ်ဆေးကုသခဲ့ပါသည်။
နယ်လှည့် အထူးကုဆေးအဖွဲ့သည် အထွေထွေရောဂါ
၊အရိုးအကြော၊မျက်စိ၊သွား၊သားဖွားမီးယပ်၊ နားနှာခေါင်း၊လည်ချောင်းရောဂါများအား ရှာဖွေခြင်း၊ကုသခြင်း၊ခွဲစိတ်ခြင်းများကို
ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ဝေဒနာရှင် ကျား(၂၀၅၁)ဦးနှင့် မ(၂၇၅၆)ဦး၊စုစုပေါင်း(၄၈၀၇)ဦးအား
ကျန်းမာရေး စောင့်ရှောက် မှုပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment