Pages

Monday, May 19, 2014

``ပခုက္ကူပညာရေးဖောင်ဒေးရှင်မှ ဂုဏ်ထူးရထူးချွန်ကျောင်းသား/သူ(၂၁)ဦးတို့အား ဆုများချီးမြှင့်´´



ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အာဇာနည်လမ်း၊ အောင်သရဖူဟိုတယ်တွင် မေ(၁၈)ရက်၊ နံနက်(၉း၃၀) နာရီမှ (၁၀း၃၀)နာရီအချိန်ခန့်အထိ ပခုက္ကူပညာရေးဖောင်ဒေးရှင်မှ ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ၌ ထူးချွန်စွာဖြင့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများ နှစ်ဆယ့်တစ်ဦးတို့ကို ဆုပေးပွဲအခမ်းအနား ပြုလုပ်ကြောင်း သတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ တိလောကရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးပညာဝံသ၊ ဖောင်တော်ဦးကျောင်းဆရာတော် ဦးပညာဇောတ၊ ဒု မြို့နယ်ပညာရေးမှူးနှင့် အထက်တန်းကျောင်းအုပ်များ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ် နှင့်လူမှုရေးအသင်းဝင်များ၊ ပခုက္ကူပညာရေး ဖောင်ဒေးရှင်မှ နာယက ဦးတင်ဝင်း၊ ဒေါ်စောကြိုင်၊ ဥက္ကဋ္ဌ ဦးစိန်မင်း၊ ဒု ဥက္ကဋ္ဌ ဦးလှဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများ နှင့်ဖိတ်ကြားထားသူ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။

          ဆုပေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ နှစ်ဦးအား တစ်ဦးလျှင် ငွေကျပ် (တစ်သိန်းသုံးသောင်းလေးထောင့်)၊ ငါးဘာသာဂုဏ်ထူးးရ ကျောင်းသား ကျောင်းသူ (၁၂)ဦးအား တစ်ဦးလျှင် (ခုနှစ်သောင်းကျပ်)၊ လေးဘာသာဂုဏ်ထူးရ(၇)ဦးအား တစ်ဦးလျှင် (ငါသောင်းခြောက်ထောင်ကျပ်)စီဖြင့် စုစု ပေါင်းငွေကျပ် ဆယ့်ငါးသိန်းကို တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ပေးကြောင်း၊  ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၏ကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင် မ၀တ်ရည်ခိုင်ထွန်း က ကျေးဇူးတင်စကား ပြောကြား ကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


No comments:

Post a Comment