Pages

Friday, May 9, 2014

``မကွေးမြို့၌ ညအချိန်မတော် ခရီးသွားရင် သတိထား၊ လုယှက်မှုဖြစ်ပွား´´



မကွေးမြို့၊ မြင်သာရပ်ကွက်၊ သစ္စာလမ်းနှင့် မဲထီးလမ်းထောင့်တွင် ၂၀၁၄၊ မေ(၇)ရက်၊ နံနက်(၂)နာရီ အချိန်ခန့်တွင် ဆိုင်ကယ်စီး၍ ခရီးသွားသူအမျိုးသားနှစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် လူငါးဦးက လမ်းပိတ်ဆို့ပြီး လုယှက်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

          ဖြစ်စဉ်မှာ မကွေးမြို့ တည်ဆောက်ရေး(၃)ဆည်မြောင်းဦးစီးဌာနမှ ကိုတင်ထွန်းအောင်(၄၃)နှင့် ကိုဝေ လင်းထွန်း(၂၉)နှစ်တို့သည် မေ(၇)ရက်၊ နံနက်(၂)နာရီအချိန်ခန့်တွင် ၁၇ယ/၁၅၉၄၇ (Stream) ဆိုင်ကယ်ဖြင့် အဝေးပြေးကားကွင်းမှ မဲထီလမ်းအတိုင်းအနောက်သို့စီးလာစဉ် သစ္စာလမ်းနှင့် မဲထီးလမ်းထောင့်အရောက်မှာ ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသာ သုံးဦး၊ မ နှစ်ဦးတို့က လမ်းအလယ်၌ ပိတ်ဆို့တားဆီးကြောင်း၊ ကိုဝေလင်းထွန်းက ဆိုင်ကယ်အားရပ်တန့်ပြီး ဆင်းနေစဉ် လမ်းလယ်မှ အမျိုးသားသုံးဦးက ကိုဝေလင်းထွန်း၏ မျက်နှာနှင့် ဦးခေါင်းတို့အား ၀ိုင်းဝန်းထိုးကြိတ်ပြီး သူနှင့်ပါလာသူ ကိုတင်ထွန်းအောင်၏ လက်တွင်ကိုင်ဆောင်ထားသော ပိုက်ဆံအိပ်ကို လုယူထွက်ပြေးသွားကြောင်း၊ ပိုက်ဆံအိပ်တွင် ငွေကျပ် နှစ်သောင်းခုနှစ်ထောင်ကျော် နှင့် နိုင်ငံ သားစီစစ်ရေးကဒ်၊ ယာဉ်မောင်းလိုင်စင် များပါသွားကြောင်း သတင်းရရှိသည်။

          ကိုတင်ထွန်းအောင် က ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားသဖြင့် ၀ိုင်းဝန်းပိတ်ဆို့ရှာဖွှေရာ ၎င်းနေ့ နံနက်(၂း၃၀)နာရီအချိန်တွင် လုယူထွက်ပြေးသွားသူများကို ဧရာဝတီတံတား(မကွေး) P-8 ၌ ဆိုင်ကယ်အမှတ် ၁၀ယ/၉၀၇၇၈ (ကန်ဘို 110) ဖြင့် စီးနင်းပြေးသွားသည့် မင်းဘူးမြို့ သစ်ချိုကုန်းရပ်နေသူများ အောင်မြင်သူ (၂၁)နှစ်၊ သက်မှူးအောင်(ခ) ချစ်သက်မှူးမောင် နှင့် မကွေးမြို့ အောင်မေတ္တာ ၁၂လမ်းမှ  မခြူးမြတ်သွယ်(၁၈) နှစ် တို့ သုံးဦးအား ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့အား စစ်ဆေးချက်အရ မကွေးမြို့ ရန်နိုင်ရပ်ကွက် ၂၉လမ်းနှင့် ၃၁လမ်းကြားနေထိုင်သူ  မသဲသဲ(ခ)ချစ်မင်းဦး(၁၈)နှစ် နှင့် မင်းဘူးမြို့ ရှမ်စုရပ်နေသူ ဖြိုးသီဟကျော်(ခ) ကုလား လေး(၁၉)နှစ် တို့နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်း အမှုနှင့် ပတ်သက်၍ မကွေးမြို့မ ရဲစခန်း၌ ၎င်းတို့ငါးဦးအား (ပ)၈၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


No comments:

Post a Comment