Pages

Tuesday, June 24, 2014

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသပေးလျက်ရှိ



ရေနံချောင်း    ဇွန်     ၂၄
          မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်၊ စက်မှုဇုံ ငွေစင်္ကြာမော်တော်ယာဉ်ထုတ်လုပ်ရေးအလုပ်ရုံ ခန်းမတွင် ဇွန်လ (၂၂)ရက်နေ့က ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးမာန် ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား အခမဲ့ ဆေးဝါးများ ကုသပေးခဲ့သည်။

          အဆိုပါဆေးကုသရေးအဖွဲ့တွင် ရွှေ့လျားခွဲစိတ်ယာဉ်ဖြင့် အထွေထွေခွဲစိတ်ဝေဒနာရှင်(၈)ဦး၊ အရိုးခွဲစိတ် (၂)ဦး၊ မျက်စိခွဲစိတ်(၉)ဦး၊ရွေ့လျားဓါတ်မှန်ယာဉ်ဖြင့် ဓါတ်မှန်ရိုက်ကူးသူ(၈၁)ဦး၊ တ.ဆ.ရ(၁၆/၁၀၀) သို့ပြောင်းရွှေ့ကုသသည့်လွှဲပြောင်းလူနာ(၄၀)ဦး၊သာမန်ဝေဒနာရှင်(၁၆၉၂)ဦး၊ စုစုပေါင်း (၁၈၃၂)ဦးတို့အား အခမဲ့ ကုသပေးခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(မကွေး)

No comments:

Post a Comment