Pages

Saturday, June 14, 2014

နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ



မကွေး      ဇွန်     ၁၃
          မကွေးတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နှစ်စဉ် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲအခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့နံနက်(၉)နာရီ အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး များအား ကဏ္ဍအလိုက် တာဝန်များပေးအပ်ခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှုအခြေအနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်မှ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် မှနိဂုံးအမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)

No comments:

Post a Comment