ဇူလိုင်
၁၁ ရက်
ဦးမောင်မောင်စိုး-ရွှေမြန်မာ (၈၈) မျိုးဆက် ငြိမ်း/ပွင့်(မကွေး)နှင့်
ဦးစိုးမိုး မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ နှစ်ဦးတို့ကို ဇူလိုင်(၃)ရက်နေ့တွင် နေ့လည်(၂း၃၀)နာရီအချိန်၊
မကွေးမြို့နယ်တရားရုံးသို့ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မကွေးနယ်မြေရဲစခန်း စခန်းမှူး
ရဲအုပ်ရွှေဌေး နှင့် မကွေးမြို့မှ ရဲစခန်းမှူး ရဲအုပ်ထွေးကို တို့က တရားလိုပြုလုပ်၍ မကွေးမြိုနယ်တရားရုံးမှာ ရာကြီးအမှုအမှတ်
၂၂၃၄/၂၂၃၅/၂၂၃၆/၂၂၃၇ ဖြင့် လေးမှုကို တရားစွဲဆိုခဲ့ကြောင်း၊ ရဲအက်-၄၉(အသံချဲ့စက်ခွင့်ပြုမိန့်လိုင်မရှိ
) မကွေးမြို့တွင် ကျင်းပခဲ့သော ပုဒ်မ(၄၃၆)ပြင် ဆင်ရေး ဟောပြောပွဲအတွက် မကွေးမြို့တွင်း၌
လှည့်လည်ကြေညာခဲ့သူ နှစ်ဦး၏ ဒုတိယရုံးချိန်းကို ဇူလိုင် ၁၀ ရက်နေ့ ရုံးချိန်းဖြစ်ကြောင်း၊
ကိုမောင်မောင်စိုးက အမှု သုံးခု၊ ဦးစိုးမိုး ကအမှု တစ်မှုဖြင့် တရားစွဲခံရကြောင်း တရားခံ
ဦးမောင်မောင်စိုး-ရွှေမြန်မာ က မဇ္ဈိမ ကိုပြောသည်။
၎င်းတို့၏
အမှုအတွက် တရားခံများဘက်မှ အကျိုးဆောင်ရှေ့နေအဖြစ် မကွေးမြို့တိုင်းဒေသကြီး လွတ်လပ်သော
ရှေ့နေများအဖွဲ့ မှ အခမဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်း ရှေ့နေများအသင်းမှ ရှေ့နေ
ဦးမြင့်အောင် နှင့် ဆက်သွယ်၍ အမှုအတွက် ရှေ့နေအဖြစ်
လိုက်ပါဆောင်ရွက်နိုင်ရန် ဇူလိုင် ၁၀ရက်နေ့တွင် ရုံးတော်သို့ ဂျင်နရယ်ပါဝါ လွှဲခဲ့ကြောင်း
တရားစွဲခံထား ရသူ ဦးမောင်မောင်စိုး က ပြောသည်။
ရှေ့နေများအသင်းအဖွဲ့ က ယခု ၄၃၆ ပြင်ဆင်ရေးပွဲမှာ
အသံချဲ့စက်အမှု ရဲအက်-၄၉ အမှု တွေမှ စပြီး အများပြည်သူလူထု၏အကျိုးအတွက် အမှန်တရားလိုအပ်သော
အမှုအားလုံးကို ဥပဒေနှင့် အညီ အကျိုးဆောင် ပေးကြမည်ဖြစ်ကြောင်း ၎င်းရှေ့နေများအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဇူလိုင် ၁၀ရက်နေ့က စစ်ဆေး နေသော ဦးမောင်မောင်စိုးနှင့် ဦးစိုးမိုးတို့၏ အမှုတွင် တရားခံ ဦးစိုးမိုး မှာ ရုံးတော်သို့ ခွင့်တင်၍
ဒုတိယရုံးချိန်း မတက်နိုင်ကြောင်း၊ ၎င်းအမှုများကို ဇူလိုင် ၁၇ ရက်နေ့တွင် တတိယရုံးချိန်းအဖြစ်
ချိန်းဆိုလိုက်ကြောင်း မကွေးမြို့နယ် တရားရုံးမှ ဇူလိုင် ၁၀ ရက်နေ့တွင် သတင်းရရှိသည်။
ဝိုင်းအောင်
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment