(သတင်းမီဒီယာများ
မပြောခင်လုပ်ငန်းများကို အမြန်ပြီးအောင် ပူးပေါင်းဆောင်ရွက်ရမည်ဟုဆို)´´
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများကို တတိယအကြိမ် အဆင့်မြှင့်တင်နိုင်ရန်
အတွက် မကွေးမြို့၌ ဇူလိုင် ၁၃ ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခမ်းမမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
မှ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဖေ တို့တက်ရောက်ပြီး မကွေးတိုင်းဒေသကြီးအင်ဂျင်နီယာမှူး
ဦးကျော် ကျော်၊ ခရိုင်အင်ဂျင်နီယာမှူး နှင့် ၂၅ မြို့နယ်မှ အင်ဂျင်နီယာမှုးများ၊ အင်ဂျင်နီယာငယ်များ
နှင့် အခြားအဆင့် ၀န်ထမ်းများ (၁၈၁) ဦးတို့နှင့် တွေ့ဆုံ ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မှ ယနေ့အချိန်သည် ပြည်သူဗဟိုပြုပြီး
ပြည်သူ့အသံကို နားထောင်၍ ပွင့်လင်းမြင်သာစွာ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
ယခင်ကလို လူကြီး လာမှ လမ်းပေါက်တွေကို ဖာထေးတာမျိုး
မလုပ်ကြဖို့၊ တာဝန်သိစိတ်ဖြင့် တာဝန်ယူပြီး ဆောင်ရွက်ကြရန်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်
တင်ဒါစနစ်များကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်ရန်၊ လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းကြရန်တို့ကို
အကျယ်တစ်ဝင့်မှာကြားသည်။ ယနေ့ နိုင်ငံတော်အစိုးရအသစ် နှစ်နှစ် နှင့် ကိုးလသက်တမ်းကာလအတွင်းမှာ
ပြုပြင်ရေး လေးမျိုးဖြင့် ဆောင်ရွက်နေကြောင်း၊ ၁. နိုင်ငံရေးစနစ်၊ ၂. စီးပွား ရေး၊
လူမှုရေးစနစ်၊ ၃. အုပ်ချုပ်ရေးစီမံခန့်ခွဲမှုစနစ်၊ ၄. ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစနစ်
တို့ဖြင့် အစိုးရမှ ပြုပြင်ဆောင်ရွက်ပေးနေကြောင်း၊ ဆောက်လုပ်ရေးဌာန၏ လုပ်ဆောင်ချက်များကို
ပွင့်လင်းမြင်သာစွာ ပြည်သူ များကို သတင်းထုတ်ပြန်ချက်များဖြင့် ထုတ်ပြန်အသိပေးရမည်ဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်း၌ လမ်းအရှည်မိုင်ပေါင်း (၂၈၉၅)မိုင်ရှိရာ ပြည်ထောင်စုအစိုးရ
မှ ၇၈၄ မိုင် သုံးဆယ့်ခြောက်ရာခိုင်နှုန်း တာဝန်ယူ ဆောင်ရွက်ပြီး၊ မကွေးတိုင်း ဒေသကြီး
အစိုးရ မှ ၂၁၁၁ မိုင် ခြောက်ဆယ့်လေးရာခိုင်နှုန်း တာဝန်ယူဆောင် ရွက်နေရကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး
ဦးကျော်လေး က ပြောသည်။
``အဓိက လမ်း တံတားတွေ အရေးပေါ်
တစ်ခုခုများပျက်စီးသွားခဲ့ရင် လမ်းလုပ်တဲ့သူက တံတားနဲ့မဆိုင်ဘူး၊ မြို့နယ်အင်ဂျင်နီယာတာဝန်၊
ခရိုင်တာဝန်၊ တံတား ဆောက်လုပ်ရေးတာဝန်ဆိုပြီး ခွဲခြားပြီး အချိန်ဆွဲမနေကြဘဲ စတွေ့တဲ့
မြင်တဲ့အဖွဲ့တွေက အမြန်လုပ်ဆောင်ရွက်ပေးကြပါ။ မဟုတ်လို့ရှိရင် သတင်းမီဒီယာတွေ၊ ဂျာနယ်တွေ က ပါလာပြီး
ရုံးချုပ်ကို တက်လာလို့ ကျယ်ကျယ်ပြန့်ပြန်သိသွားရင် ပြဿနာတော်တော်ရှင်းရပါတယ်၊ ပြည်ထောင်
စုဝန်ကြီးမှာ တစ်ကွင်းလုံးကို ပတ်ကစားနေရတာပါ၊ ဒီဟာကို စာနာပြီး စေတနာထားပြီး အမြန်လုပ်ဆောင်
ပေးကြပါ။´´ ဟု ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်စိုး က ပြောကြား၍ မဇ္ဈိမက သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment