ဇူလိုင် ၂၃ ၊ မကွေး။
မကွေးမြို့၊
မြသလွန်စေတီတော်၊ ဘုရားကုန်းပေါ်ရှိ မြမဉ္ဖာဓမ္မာရုံ၌
၂၀၁၄၊ ဇူလိုင် ၂၃ ရက်၊ နေ့လည် ၁ နာရီအချိန်တွင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၇၈)ကြိမ်၊
၂၀၁၄၊ အောက်တိုဘာ ၃ ရက်မှ ၂၂ ရက်နေ့အထိ ကပြဖျော်ဖြေရန် မကွေးမြသလွန်ပွဲတော် ဇာတ်ရုံမြေနေရာ
အမှတ်(၁)ဇာတ်ရုံ ဈေးပြိုင်လေလံပွဲ ကျင်းပကြောင်း၊ ဤဘုရားပွဲတော်ကြီးတွင် ဇာတ်ရုံတစ်ရုံတည်းသာ
ကပြရန်ခွင့်ပြုကြောင်း၊ မဇ္ဈိမ က သတင်းရရှိသည်။
အဆိုပါလေလံပွဲကို မကွေးမြသလွန်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်
နှင့် ဘဏ္ဍာတော်ထိမ်း အဖွဲ့ဝင်များ နှင့် ဈေးပြိုင်လေလံဆွဲသူများ(၂၀)ဦးခန့် တက်ရောက်ကြသည်၊
ဈေးပြိုင်လေလံဆွဲသူ လေးဦးတို့က လေလံဆွဲရန် စဘော်ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီအာခမံကြေးတင်သွင်းရသည်။
လေလံဆွဲသူ ဦးမျိုးဝင်းနိုင်၊ ဦးမျိုးမင်းသိန်း၊ ဦးကြည်ရွှေ နှင့် ဦးမင်းမင်းတို့ဖြစ်ပြီး
ဇာတ်ရုံမြေနေရာ၏ ကြမ်းခင်းဈေး ငွေကျပ် (၈၅)သိန်းသတ်မှတ်ကြောင်း၊ ၎င်းမကွေးမြသလွန်ပွဲတော်
ဇာတ်ရုံမြေနေရာ အမှတ်(၁)ဇာတ်ရုံမြေနေရာကို ငွေကျပ်(၈၅၃၀၀၀၀) ရှစ်ဆယ့်ငါးသိန်းသုံးသောင်းကျပ်ဖြင့်
ဦးမျိုးဝင်းနိုင်ဆိုသူမှ လေလံရရှိကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင် မှ ကြေညာသည်။
`` ယခုလေလံရသွားတဲ့ ဦးမျိုးဝင်းနိုင်
က ဖိုးချစ်ဇာတ်အဖွဲ့က ကိုယ်စားလှယ်လို့ ပြောတယ်၊ ဒီနှစ်မြသလွန် ဘုရားပွဲမှာ ဖိုးချစ်ဇာတ်ကမှာ
သေခြာသွားသလောက်ဖြစ်သွားပြီဗျ၊ကျွန်တော်က မြသလွန်ပွဲတော်အတွက် ဆိုင်ခန်းဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးပါ..။´´
ဟု ၎င်းဈေးပြိုင်လေလံ ဆွဲခဲ့သူ ဦးမျိုးမင်းသိန်း က မဇ္ဈိမ ကိုပြောသည်။
မြသလွန်ဘုရားပွဲတော်သည် သီးတင်းကျွတ်တစ်လလုံး ကျင်းပသော ပွဲတော်ဖြစ်ကြောင်း၊
မြန်မာပြည် အထက်ပိုင်း၊ အလယ်ပိုင်းရှိ သမိုင်းဝင် (၁၂)ပွဲတော်များထဲတွင် စည်းကမ်းစနစ်အကျဆုံး
ဘုရားပွဲတော်ဖြစ် ကြောင်း၊ ၂၀၁၄၊ ဇွန် ၃၀ ရက်နေ့က ဘုရားပွဲတော်တွင်း၌ ဈေးဆိုင်ခန်းပေါင်း
တစ်ထောင်မှ တစ်ထောင်နှစ်ရာခန့် ကိုဈေးအနည်းဆုံး ပေးသူအား လေလံပေးခဲ့ကြောင်း၊ ယခင်နှစ်က
ဆိုင်ခန်းတစ်ခန်း ဆောက်လုပ်ရန် လေလံ (၁၅၀၀၀) ကျပ် ဖြစ်ခဲ့သော်လည်း၊ ယခုနှစ် ဆိုင်ခန်းတစ်ခန်း
ဆောက်လုပ်ခ (၁၃၈၀၀) ကျပ်ဖြင့် လေလံရခဲ့ ကြောင်း၊ ဆိုင်ခန်းတစ်ခန်း မျက်နှာစာအကျယ် ခုနှစ်ပေ
နှင့် ရှေ့နောက်အရှည် ဆယ့်ခြောက်ပေခွဲဖြစ်ကြောင်း ဆိုင်ခန်းများဆောက်လုပ်ရေး လေလံဆွဲခဲ့သူ
ဦးမျိုးမင်းသိန်း က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment