Pages

Wednesday, July 2, 2014

ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲ ကျင်းပ




မကွေး      ဇွန်       ၃၀
          မကွေးတိုင်းဒေသကြီးနှင့် မကွေးမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၉)နာရီက မကွေးမြို့ ပန်းဟေ၀န်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့ရည်က ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

          ထို့နောက် မြန်မာနိုင်ငံနယ်စပ်ဖွံ့ဖြိုးရေးအသင်း(BDA) မှ ဦးသက်မောင်က မိတ်ဆက်စကားပြောကြား ပြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဒေသဆိုင်ရာကြီးကြပ်ရေးမှူး ဦးမောင်ကြိုင်က ကျောင်းပြင်ပ မူလတန်း ပညာရေး၏သဘောသဘာဝများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းအတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူမှ လက်ခံရယူပြီး မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အုပ်ချုပ်ရေးမှူး က အခြေစိုက်စခန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌများအားတာဝန်ပေးအပ်လွှာများကိုပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်တို့မှ စွမ်းဆောင်ရည်အကောင်းဆုံးဆုနှင့်ထူးချွန်သင်တန်း သားဆုရရှိသူများထံ ဆုများအသီးသီပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
          မကွေးတိုင်းဒေသကြီးတွင် ပညာရေးဝန်ကြီးဌာန၊ယူနီဆက်နှင့် အလှူရှင်များပူးပေါင်း၍ မကွေး၊အောင် လံ၊ပေါက်နှင့် မြိုင်မြို့နယ်တွင် သင်ကြားရေးအခြေစိုက်စခန်း(၃၀)ခုဖွင့်လှစ်ကာ ကျောင်းလုံးဝမနေခဲ့ရသူနှင့် မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊အသက်(၁၀)နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုဝင် ကလေးငယ် (၃၉၀)ဦးတို့အားဆရာ /ဆရာမ(၅၁) တို့မှ ကြီးကြပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
 
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


No comments:

Post a Comment