Pages

Thursday, July 31, 2014

``မင်းဘူးမြို့ နှင့် မကွေးမြို့များတွင် အူရီးဒူးဆင်းကတ်များ အောက်လိုင်းဈေးဖြင့် မှတ်ပုံတင်မလို ရောင်းချ´´



ဇူလိုင် ၃၁၊ မင်းဘူး/မကွေး

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ ဈေးသစ်ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ထိပ်တန်း မိုဘိုင်းနှင့် အီလက် ထောနစ်အရောင်းဆိုင်တွင် ဇူလိုင်(၃၁)ရက်၊ နေ့လည် ၂ နာရီမှစတင်ပြီး အူရီးဒူးဆင်းကတ်များကို ၁၅၀၀ ကျပ်ဖြင့် ကတ်(၂၀)ရောင်းချပြီးကြောင်း၊ ဟန်းဆက်  ဈေးအနည်းဆုံး ခုနှစ်သောင်းကျပ်တန် တစ်လုံးဝယ်ယူလျှင် ၎င်းဆင်းကတ်ကို အခမဲ့မေတ္တာလက်ဆောင်ပေးနေကြောင်း၊ အင်တာနက်လိုင်း သရီးဂျီပါ တပါးတည်း အသုံးပြုနိုင် အောင် လိုင်းချိန်ပေးထားကြောင်း၊ ပြောဆိုခအတွက် မီနစ် ၉၀ အခမဲ့အသုံးပြုရန်ငွေဖြည့်ထားပေးကြောင်း၊ ငွေဖြည့်ကတ်ကို သြဂုတ်(၂)ရက်နေ့လောက်မှ ငွေဖြည့်ကတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ် မန္တလေးဖြန့်ချိရေး မှ အစမ်းအသုံးပြုရန် ပေးပို့၍ ရောင်းချပေးနေကြောင်း၊ နောက်နေ့များမှာလည်း ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း အူရီးဒူးဆင်းကတ်(မင်းဘူးအရောင်းကိုယ်စားလှယ်) ထိပ်တန်း မိုဘိုင်းနှင့် အီလက် ထောနစ်အရောင်းဆိုင် ပိုင်ရှင် ဦးလှိုင်မင်းထွန်း က မဇ္ဈိမ ကိုပြောသည်။

`` ကျွန်မတို့ အူရီးဒူးဆင်းကတ် တစ်ကတ်ကို ၃၅၀၀ ကျပ်ပေးခဲ့ရပါတယ်၊ ဘာမှတ်ပုံတင်မှ မလိုပါဘူး၊ မင်းဘူး၊ မကွေးမြို့တွေလည်း သုံးလို့ရပါတယ်။´´ ဖုန်းဆင်းကတ်ဝယ်ယူလာသူ မဆွေဦး(ကွမ်းယာဆိုင်) က မဇ္ဈိမ ကိုပြောသည်။



          မကွေးမြို့၊ ပြည်တော်သာလမ်း၊ ဈေလယ်စိုးရပ်ရှိ ဟင်္သာညီနောင် (မေတ္တာမွန် ဆေးဆိုင်) စတိုးဆိုင်ကြီး တွင် ဇူလိုင်(၃၀)ရက်နေ့ မှစ၍ အူးရီးဒူးဆင်းကတ် တစ်ကတ်ကို (၁၀၀၀၀)တစ်သောင်းကျပ် ဖြင့် အောက်လိုင်း ဈေးဖြင့် မှတ်ပုံတင်မလိုဘဲ ရောင်းချပေးနေကြောင်း၊ တစ်ဦးလျှင် ကြိုက်သလောက်ဝယ်ယူနိုင်ကြောင်း ၎င်း ဟင်္သာညီနောင် စတိုးဆိုင်ကြီး မှ အရောင်းစာရေး တစ်ဦးက ဇူလိုင် ၃၁ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

No comments:

Post a Comment