Pages

Wednesday, July 16, 2014

``KENBO တံဆိပ်ပါ ကန်ဘိုမော်တော်ဆိုင်ကယ်များကို အခမဲ့အင်ဂျင်ဝိုင်လဲပေး၍ ထူးခြားစည်ကားသော မကွေးမြို့ ကန်ဘို အရောင်းဆိုင်ဖွင့်ပွဲ´´



ဇူလိုင် ၁၆၊ မကွေး ။
မကွေးမြို့၊ရန်ဝေးရပ်၊ ပြည်တော်သာလမ်း၊ အမှတ် ၂၀၊ KENBO အရောင်းခမ်းမတွင် ၂၀၁၄၊ ဇူလိုင် ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်မှာ KENBO တံဆိပ်ပါ ကန်ဘိုမော်တော်ဆိုင်ကယ် မှန်သမျှကို အင်ဂျင်ဝိုင်လဲပေး၍ ဆိုင်ကယ်များ နှင့် ပရိပ်သတ်များတစ်စီတစ်တန်းကြီးဖြင့်  ထူးခြားစည်ကားသော မကွေးမြို့ဆိုင်ဖွင့်ပွဲပြုလုပ် ကြောင်း မဇ္ဈိမ က သတင်းရရှိ သည်။

``ဒီလို ကန်ဘိုဆိုင်ကယ်တွေကို အင်ဂျင်ဝိုင်အသစ် အခမဲ့လဲပေးတယ်ဆိုလို့ လာရောက်တန်းစီတာပါ။ ယခု ဆိုင်ဖွင့်ပွဲကတော့ အလွန်ထူးခြားပါတယ်။ ဆိုင်ကယ်အင်ဂျင်ဝိုင်လဲရင် C90 စူပါကတ်ဆိုင်ကယ်ဆို ငွေသုံးထောင် ကျပ်၊ 110 ဆိုင်ကယ်ဆိုရင် ငွေငါးထောင်လောက်ကျတယ်ဗျ၊ ယခုလဲပေးနေတဲ့ KENBO အင်ဂျင်ဝိုင်တစ်ဗူးကို ငွေကျပ် သုံးထောင်ငါးရာနဲ့ ဈေးကွက်မှာ ရောင်းချပေးမယ်ပြောပါတယ်၊  ဒါကြောင့် ဒီဆိုင်ကယ်တွေ အများကြီး တစ်စီတစ်တန်းနဲ့ အချိန်ပေးပြီး တန်းစီနေကြတာပေါ့ဆရာ၊ အောင် ကန်ဘို ကုမ္ပဏီ ကို အထူးကျေးဇူး တင်ပါတယ်။´´ ဟု မကွေးမြို့ ရန်ပယ်ဈေးမှ ကိုဝင်းမောင် က မဇ္ဈိမ ကိုပြောသည်။ 



          အဆိုပါဖွင့်ပွဲသို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးချန်ထွန်းအောင်၊  မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ်၊ မကွေးနယ်မြေရဲစခန်းမှူး ဒုရဲမှူးရွှေဌေး နှင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အထူးဧည့်သည် တော်များ ငါးဆယ်ကျော်ခန့် တက်ရောက်ကြောင်း၊ အောင် ကန်ဘိုကုမ္ပဏီအရောင်းခမ်းမဖွင့်ပွဲမှ ကြွရောက်လာသူ အားလုံး ကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ၊ ကန်ဘိုအင်ဂျင်ဝိုင်ဗူးများ၊ ကန်ဘို တီရှပ်များလက်ဆောင် ပေးကြောင်း၊
ဇူလိုင် ၁၆ ရက်၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မကွေးမြို့ရှိ KENBO ကန်ဘိုမော်တော်ဆိုင်ကယ်များကို အင်ဂျင်ဝိုင် အခမဲ့လဲပေးခဲ့သည်မှာ ကန်ဘိုဆိုင်ကယ်အစီးရေပေါင်း (၆၀၀) ကျော်ခန့်ရှိကြောင်း၊ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ယခုလို အင်ဂျင်ဝိုင် အခမဲ့လဲပေးအုံးမည်ဖြစ် ကြောင်း၊ Aung Kanbo Trading Co.,Ltd ဖုန်း ၀၉-၄၃၀၅၃၈၃၂ မကွေးမြို့တွင် KENBO မော်တော်ဆိုင်ကယ် အမျိုးမျိုး၊ သုံးဘီဆိုင်ကယ်အမျိုးမျိုး နှင့် KENBO မိုဘိုင်းဖုန်းအမျိုးမျိုးတို့ကို ဈေးနှုန်းချိုသာစွာ ဖြင့် လက်လီ/ လက်ကား ဖြန့်ချိရောင်းချပေးကြောင်း မန်နေဂျာ ဦးစန်းမြင့်(Aung Kanbo Trading Co.,Ltd) က မဇ္ဈိမ ကို ပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


No comments:

Post a Comment