Pages

Sunday, July 27, 2014

`` လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် တိုင်း/ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် (Third Wave) အရှိန်မြှင့်´´



(မကွေးတိုင်းဒေသကြီးမှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဖြစ်အောင် ကြိုးစားနေဆဲ)
         
 ဇူလိုင် ၂၆၊ မကွေး ။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးခင်ဇော် အဖွဲ့နှင့် တိုင်း/ ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ(၃၂၅)ဦးတို့သည်၊ မကွေးမြို့၊ မြို့တော်ခမ်းမ၌ ဇူလိုင် ၂၆ ရက်၊ နံနက် ၈း၃၀ မှ နေ့ ၁ နာရီအချိန်ခန့်အထိ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများကို တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ ၀န်ကြီး ဦးအောင်နိုင် နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း၊  ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဌာနများမှ အကြီး အကဲများ တက်ရောက်ကြ၍ ဘက်ပေါင်းစုံဖြင့် ဆွေးနွေးပြီး ယခု အစိုးရအသစ်၏ ကျန်ရှိနေသောကာလ အတွင်း အကောင် အထည်ဖော်နိုင်ရန် နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးကြကြောင်း သတင်းရရှိသည်။


``စက်မှုလယ်ယာဌာနကို  တောင်သူလယ်သမားများက ယုံကြည်အားကိုးမှုနည်းနေပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ စက်မှုလယ်ယာမှာရှိနေတဲ့ လယ်ထွန်းစက်တွေဟာ အိုမင်းဟောင်းနွမ်းနေပါ တယ်၊ စက်အသစ်များ ဖြည့်ဆည်းရန်လိုအပ်နေပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်း ၀န်ကြီး ဦးအောင်နိုင်က ပြောသည်။

          စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း မှ မျိုးကောင်းမျိုးသန့်များ ရရှိအောင် ဆောင်ရွက်နေခြင်း၊ သြဂဲနစ်စိုက်ပျိုးနည်းစနစ်များ ကျယ်ပြန့်လာရေး၊ နည်းပညာများ နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ နှင့်တရုတ်နိုင်ငံများမှ နည်းပညာ၊ စက်မှုပစ္စည်းများဖြင့်ဆောင်ရွက်နေကြာင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ တိုးချဲ့ ထားကြောင်း၊ တောင်သူများ စိုက်ပျိုးထုတ်လုပ် ပေးသော သီးနှံများအတွက် ဈေးကွက် ခိုင်မာရေးအတွက် လည်း ခိုင်မာအောင် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။


          စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဇော် မှ ကျွဲ၊ နွား များရှားပါးလာမှုကြောင့် စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ စီမံချက် ခြောက်ရပ်ဖြင့် ဆောင်ရွက် နေပါ ကြောင်း၊ တောင်သူများစက်မှုလယ်ယာမှ စက်ပစ္စည်းများကို ကျွမ်းကျင်စွာသုံးစွဲနိုင်ရန် သင်တန်းများပေးနေ ကြောင်း၊ လယ်ယာသုံးစက်ပစ္စည်းများကို တောင်သူလယ်သမားများထံသို့ အရစ်ကျရောင်းချနေကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးပြောသော မကွေးတိုင်းစက်မှုလယ်ယာမှ ထွန်စက်တွေသည် နှစ်ပေါင်း (၁၇)နှစ်မှ (၅၀)နှစ်ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၄/၂၀၁၅ နှစ်မှာ စက်သစ်များဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ မကွေးတိုင်း စက်မှုလယ်ယာပိုင် လယ်ထွန် စက်ပေါင်း(၁၀၉)စီးရှိရာ စက်သစ်က (၉)စီးသာရှိပါကြောင်း၊ မူလလယ်ကွက် ငယ်များကို စနစ်တကျလယ်ယာများ ဖြစ်အောင် ပုဂ္ဂိလက တောင်သူ လယ်သမားများကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ပြောကြား၍ မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

No comments:

Post a Comment