Pages

Monday, August 25, 2014

``မကွေးခရိုင်(လ.၀.က)ရုံးတွင် အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၃)ရက်ဖွင့်လှစ်´´



သြဂုတ် ၂၅၊ မကွေး။

မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ မကွေးခရိုင်(လ.၀.က)ရုံးတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မကွေးခရိုင်ဦးစီးမှူး ဦးဝင်းမြင့် ဦးဆောင်၍ သင်တန်းဆရာ၊ဆရာမ လေးဦးတို့နှင့် အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(Third Wave) သင်တန်းကို မကွေးခရိုင်အတွင်းမှ မြို့နယ်(၆)မြို့နယ်ရှိ လ.၀.က အမှုထမ်းများ သင်တန်းသား(၉၀)ဦးဖြင့် သြဂုတ် ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ(၃)ရက်တိတိ နံနက်  ၉း၃၀နာရီမှ ညနေ ၄း၃၀ နာရီအထိ နေ့စဉ်ကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါ အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(Third Wave) သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား မကွေးခရိုင်ဦးစီးမှူး ဦးဝင်းမြင့်မှ အကျယ်တ၀န့်ပြောကြားသည်။
``ယနေ့ဖွင့်လှစ်ရသော သင်တန်းသည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ တတိယအဆင့် အရှိန်မြှင့်တင်ရန် (Third Wave)လုပ်ငန်းများကို အကောင်အတည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုမှာဖြစ်ပါတယ်။ နိုင်ငံတော်၏ မူဝါဒ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရာတွင် ၀န်ထမ်းများရဲ့ အခန်းကဏ္ဍဟာ လွန်စွာအရေးပါပြီး အခြေခံကျပါတယ်။ ဒါကြောင့် ၀န်ထမ်းများ အရည်အချင်းရှိရှိ၊ တာဝန်ထမ်းဆောင်နိုင်ကြရန် ဤ သင်တန်းမှ ပို့ချချက်များကို ကြိုးစားသင်ယူကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။´´ ဟု မကွေးခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ၎င်းပွဲတွင်ပြောသည်။


          သင်ကြားပို့ချမည့်သင်တန်းမှူးများမှာ လ.၀.က ရုံးမှ မကွေးခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးသီ၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းတင်၊ မကွေးခရိုင်တရားကြီး၊ မကွေးခရိုင်ဥပဒေ အရာရှိ(အငြိမ်းစား) ဦးကျော်သူတို့ ဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့မြို့နယ်ရုံးများမှ ကျခံပေးထား သောစရိတ်ဖြင့် မကွေးမြို့သို့ လာရောက်၍ တက်ရောက်ကြကြောင်း သင်တန်းနည်းပြ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးသီ က မြေလတ်မီဒီယာ သို့ပြောကြား၍ သတင်းရရှိသည်။

သတင်းစဉ်
မြေလတ်မီဒီယာ

No comments:

Post a Comment