Pages

Thursday, August 14, 2014

`` မြန်မာ့ရိုးရာသိုင်းပညာ မန္တာလာဖိတ်ခေါ်ပြိုင်ပွဲ နှင့် မြန်မာ့သိုင်းပညာ ဆရာများညီလာခံကြီးကျင်းပရေး တိုင်းဒေကြီးနှင့် ပြည်နယ်များမှ သိုင်းဆရာကြီး(၂၃)ဦး ဆွေးနွေး အတည်ပြု´´



သြဂုတ် ၁၄၊ မကွေး ။

မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင်၏ (ဖန်းခါးမြေ) မြောက်ဘက်တန်ဆောင်းပေါ်၌ မြန်မာ့ရိုးရာ သိုင်းပညာများ ကမ္ဘာသိအောင်ဖော်ထုတ်ပေးရေးအတွက် တိုင်းဒေကြီးနှင့် ပြည်နယ်များမှ သိုင်းဆရာကြီး (၂၃)ဦး တို့ သြဂုတ် ၁၃ ရက်၊ ညနေ ၅နာရီမှ ၆နာရီအချိန်အထိ ဆွေးနွေးကြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          တိုင်းဒေကြီးနှင့် ပြည်နယ်များမှ သိုင်းဆရာကြီး(၂၃)ဦးတို့ ဆုံဆည်းရခြင်းမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ပန်ကြပ်ဆီလတ်ပြိုင်ပွဲသို့ ယှဉ်ပြိုင်သောအသင်းပေါင်း ၁၅ သင်းမှ လေ့ကျင့်ပြိုင်ပွဲ ၀င်ကြသော တပည့်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီး သိုင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုထွေး နှင့် ကော်မတီဝင် ခုနှစ်ဦး၊ ရခိုင်ပြည်နယ်မှ ဦးအန်ရှားမောင်နှင့် လေးဦး၊ ရှမ်းပြည်နယ်မှ ဦးစိုင်းကျော်ဌေး နှင့် သုံးဦး၊ ရန်ကုန်တိုင်းမှ ဦးလှသိန်း၊ ဦးတင်မြ၊ နေပြည်တော်မှ ဦးတင်လင်းဆောင်၊ ကယားပြည်နယ်မှ ဦးအောင်ကိုဝင်း၊ ကရင်ပြည်နယ်မှ ဦးကျော်ဇင်သိုက်၊ ကချင်ပြည်နယ်မှ ဦးအောင်မြင့်၊ မကွေးတိုင်းမှ ဦးမြအောင် နှင့် ဦးကျော်ညွှန် တို့ သိုင်းဆရာကြီးများဖြစ်ကြောင်း မိတ်ဆက်သည်။


`` ကျွန်တော်တို့ မြန်မာ့ရိုးရာသိုင်းပညာဟာ နေပြည်တော်မှာ ကျင်းပပြီးသွားခဲ့တဲ့ ဆီးဂိန်းအားကစား ပြိုင်ပွဲကြီးကစပြီး ပျောက်ကွယ်လာခဲ့တာပါ။ ယခု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ပန်ကြပ်ဆီ လတ် ပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာ့သိုင်းပညာပြန်လည်ဖော်ထုတ်ပေးဖို့ ပြိုင်ပွဲကိစ္စများကို ညွှန်ကြားရေးမှူးက ၀န်ကြီးထံသို့ တင်ပြတယ်လို့သိရပါတယ်။ ၀န်ကြီးက ကမ္ဘာ့အဆင့်မီ နိုင်ငံခြားထွက်ပြီး ယှဉ်ပြိုင်နိုင်ကြမယ့် ပြိုင်ပွဲတွေကိုသာ ဦးစားပေးကြပါ၊ ဟု ပြောကြားတယ်လို့ သိရပါတယ် ၊ ၀န်ကြီးက ဒီစကားကို အမှန်တကယ် ပြောတယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့သိုင်းဆရာကြီးတွေရဲ့ ရင်ဘတ်ထဲကို ဓားနဲ့ထိုးလိုက်သလို ခံစားရပါ တယ်ဗျာ..။´´ ဟု အမည်မဖော်လိုသူ သိုင်းဆရာကြီးတစ်ဦး က ၎င်းဆွေးနွေးပွဲတွင် ပြောကြားသည်။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ပန်ကြပ်ဆီလတ် ပြိုင်ပွဲတွင် မကွေးတိုင်းမှ တံခွန်စိုက်ဒိုင်းရယူထားသော သတင်းဓာတ်ပုံ       
  
 ၎င်းဆရာကြီးတို့၏ ထပ်တူရည်ရွယ်ချက်မှာ မြန်မာ့သိုင်းပညာ မပျောက်ကွယ်ရေးအတွက် မျိုးဆက်သစ် သိုင်းပညာရှင်လူငယ်များပေါ်ထွန်းလာရေး၊ မြန်မာ့သိုင်းပညာကို ကမ္ဘာမှသိရှိအောင် ကမ္ဘာ့ပြိုင်ပွဲဝင်အဆင့်သို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့ကို အားကစားဝန်ကြီး ဦးတင့်ဆန်း နှင့် တွေ့ဆုံပြီး ပြောကြားမည်ဖြစ်ကြောင်း၊  မန္တလေးသိုင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုထွေး မှ မန္တလေးမြို့တွင် မြန်မာ့ရိုးရာသိုင်းပညာ ပြန့်ပွားတိုးတက်ရေး မန္တလာဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ၂၀၁၄ ဒီဇင်ဘာလ အတွင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သိုင်းဆရာကြီးများ၏ညီလာခံ ခေါ်မည်ဖြစ်ကြောင်း၊ ၎င်းညီလာခံ မတိုင်မီ စက်တင်ဘာလမှစ၍ ဦးကိုကိုထွေး မန္တလေးမြို့(၀၉-၂၀၁၃၁၅၄) ထံသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တက်ရောက်လိုသူစာရင်းများနှင့် အကြံဥာဏ်များပါ စာရေးသားဆက်သွယ်နိုင် ကြောင်း၊ ဒီကိစ္စကို သတင်းစာများမှာလည်း ကြော်ငြာပေးမည်ဖြစ် ကြောင်း၊ တက်ရောက်သူများအား မန္တလေးမြို့ မြန်မာရိုးရာသိုင်းပညာများ ပြန့်ပွားရေး အသင်းက စရိတ်ငြိမ်း စီစဉ်ပေးမည်ဖြစ်ကြောင်း ဦးကိုကိုထွေး ဥက္ကဋ္ဌ မန္တလေးသိုင်းဆပ်ကော်မတီ မှ ၎င်းပွဲတွင် ဖိတ်ခေါ်သည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


No comments:

Post a Comment