Pages

Thursday, August 21, 2014

``မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ ဧရာဝတီမြစ်တွင်း၌ မီးသတ်ရေယာဉ်စွမ်းရည်ပြ´´



သြဂုတ် ၂၁ ၊ မကွေး ။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို)မှ မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့သို့ ပေးပို့လိုက်သော မီးသတ် ရေယာဉ်(စပီးဘုတ်) အား သြဂုတ် ၂၁ ရက်၊ နေ့လည် ၁း၅၅ နာရီမှ ၂း၁၅ နာရီအထိ မကွေးမြို့ ဈေးရပ်၊ ပြည်တော်သာလမ်းထိပ် ဆိပ်ကမ်းသာလမ်း ဧရာဝတီ သင်္ဘောဆိပ်မှ မီသတ်ရေယာဉ်ထွက်ခွာ၍ ဧရာ ၀တီမြစ်တွင်း၌ မီးသတ်ရေယာဉ်စွမ်းရည်ပြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

``ဒီမီးသတ်ရေယာဉ်က ဧရာဝတီမြစ်အတွင်းက မီးဘေး၊ လေဘေး စတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာရင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ကျွန်တော်တို့မကွေးတိုင်းဒေသကြီးသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(ဗဟို)မှ ပေးလိုက်တာပါ။´´ဟု မကွေးတိုင်းမီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဝင်းစိန် က မဇ္ဈိမ ကိုပြော သည်။


          အဆိုပါ မီးသတ်ရေယာဉ်စွမ်းရည်ပြသရာတွင် ၎င်း မီးသတ်ရေယာဉ်(စပီးဘုတ်)ပေါ်သို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်၊ မီးသတ်တိုင်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးခင်မောင်အေး၊ မကွေးတိုင်းဒေသကြီး(လ၀က) ညွှန်ကြားရေးမှူး ဦးထွန်းဝေ နှင့် မကွေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန (ထိန်းသိမ်းရေး) ညွှန်ကြားရေးမှူး နှင့် မီသတ်တပ်ဖွဲ့ဝင်းလေးဦးတို့ လိုက်ပါ၍ ဧရာဝတီမြစ်အတွင်း၌ မီးသတ် ရေယာဉ်(စပီးဘုတ်) အား အစုန် အဆန်မောင်းနှင်ပြီး အပေါ့စားမီးသတ်စက်ဖြင့် ရေဖြန်းပက်ခြင်း၊  ရေနံတင် သင်္ဘော၊ အောတိန်း၊ ဓာတ်ဆီ၊ဒီဇယ်တင်သင်္ဘောများအတွက် လောင်စာဆီအမျိုးမျိုးဖြင့် လောင်ကျွမ်း၍ မီးများ ငြှိမ်းသတ်နိုင်သော အမြုပ်ဆီမီးသတ်ဆေးရည်များကိုလည်း ပက်ဖြန်းပြီး  မီးသတ်စွမ်းရည်ပြသကြောင်း မကွေးမြို့ နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း(ဦးစီးအရာရှိ) မှ မဇ္ဈိမ ကိုပြောကြသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


No comments:

Post a Comment