Pages

Thursday, August 14, 2014

``ရေနံနှင့် သဘာဝဓာတ်ငွေ့အကြောင်းသိကောင်းစရာ ဟောပြောပွဲ´´



သြဂုတ် ၁၄၊ မကွေးတက္ကသိုလ် ။

မကွေးတက္ကသိုလ် ဘူမိဗေဒဌာန မှကြီးမှူးကျင်းပသော ရေနံနှင့် သဘာဝဓာတ်ငွေ့အကြောင်းသိကောင်း စရာ ဟောပြောပွဲ ကို မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမ၌ သြဂုတ် ၁၄ ရက် နံနက်(၁၀)နာရီမှ နေ့(၁၁း၃၀) နာရီအချိန်ခန့်ထိ ကျင်းပကြောင်း သတင်းရရှိသည်။
         
 အဆိုပါအခမ်းအနားသို့ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်၊ ဘူမိဗေဒဌာန ကထိက ဌာနမှူး ဒေါက်တာဒေါ်ခင်စန်း ၊ ကထိက ဒေါ်ခင်မျိုးစီ နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အကြောင်းစိတ်ပါဝင်စားကြ သော မကွေးတက္ကသိုလ် မှ ကျောင်းသား၊ ကျောင်းသူများ အင်အား ၄၀၀ ဦးခန့် တက်ရောက်ကြောင်းသိရသည်။

          ၎င်းဟောပြောပွဲအား  မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်မှ အဖွင့်အမှာစကားပြော ကြား၍ မြန်မာ့ရေနံမြေ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ  အထွေထွေမန်နေဂျာ ဦးမြင့်ဆွေက Current Activites of Myanmar’s Oil and Gas Seetor နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောကြောင်း၊ ထို့နောက် နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော် ထူး က Petroleum Geology Sector နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဟောပြောသည်။


         
အဆိုပါ အခမ်အနားတွင် မကွေးတက္ကသိုလ် ၂၀၀၁(Intake) ဘူမိဗေဒ ကျောင်းသားဟောင်းတစ်ဦးဖြစ် သည့် Operation & Project Director K & DL Co., Ltd. Geology & Mining Section ဦးကောင်းမြတ်အောင် မှ ဘူမိဗေဒ သင်ကြားရေးအထောက်အကူပြု Global Popsition System. (G.P.S) လှူဒါန်းကြောင်း  သိရသည်။ ထို့နောက် ဘူမိဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ခင်စန်း မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း အခမ်အနားမှူး ဘူမိဗေဒဌာန ကထိက ဒေါ်ခင်မျိုးစီ က ကြေညာကြောင်း  မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေး ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀ 


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


No comments:

Post a Comment