၂၀၁၄၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊
ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းပွဲကို
မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလှူ ဘဏ်သို့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီမှ ၁၁းဝ
နာရီအချိန်ထိ ရဲတပ်ဖွဲ့ဝင်သွေးလှူရှင်များ မကွေး ၆၀၊ မင်းဘူး ၃၈၊ မင်းလှ ၆ ဦး စုစုပေါင်း
(၁၀၄)ဦးတို့က လှူဒါန်းကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။
အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်
သွေးလှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့်
လုံခြုံနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် တို့တက်ရောက်အားပေးကြပြီး ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေ မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း အား သွေးလှူရှင်ရဲတပ်ဖွဲ့ဝင်များအတွက်
အလှူငွေများပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment