မကွေး၊ စက်တင်ဘာ ၂၈၊
မကွေးမြို့၊ ရွှေညောင်ရပ်ကွက်၊ ရာဇမုနီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်တွင်
၂၀၁၄၊ စက်တင် ဘာ ၂၈ ရက်၊ နံနက် ၉နာရီအချိန်မှ ၁၀း၃၀ နာရီအချိန်အထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ
ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂၃)ကျောင်းအတွက်
လစဉ် ထောက်ပံ့အလှူငွေပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ ကျင်းပကြောင်း
သတင်းရရှိ သည်။
၎င်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့ကို
၂၀၁၄၊ မေ ၂၅ ရက်နေ့တွင် နိုင်ငံတော်သြ၀ါဒစရိယ၊ မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ပညာ သင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘန္ဒ န္တကေလာသ(မဟာသဒ္ဓမ္မဇောတိကဓဇ) ရာဇမုနိဆရာတော်ကြီး
ဦးစီး၍ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အသင်း၏ ရည်ရွယ်ချက်မှာ ဘာသာအကျိုး၊ သာသနာအကျိုး၊ လူ့ဘောင်
အကျိုးများကို ကိုယ်ထူကိုယ်ထဖြင့် တာဝန်ယူဆောင်ရွက်နေကြသော ဘုန်းတော်ကြီးသင်/သီလရှင်သင်
ပညာ ရေးကျောင်းများ ရေရှည်တည်တန့်ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန်
ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂၃)ကျောင်းမှ တစ်ကျောင်းလျှင်
ငွေကျပ်ငါးသိန်းစီ ငွေပဒေသာပင်စိုက်ထူ၍ မတည်လှူဒါန်းကြောင်း၊ အသင်းသားပေါင်း တစ်ထောင်ခန့်ရှိရာ
အသင်းသားတစ်ဦးလျှင် လစဉ်အလှူငွေ တစ်ထောင်ကျပ်စီ ထည့်ဝင်လှူဒါန်းကြကြောင်း၊အခြားပုဂ္ဂလိက၊
အဖွဲ့အစည်းများမှအလှူရှင်များ၏ ငွေပဒေသာပင် စိုက်ထူ လှူဒါန်းငွေများနှင့် အလှူငွေစုစုပေါင်း
ပဒေသာပင်အလှူငွေပေါင်း(၁၄၄)သိန်းခန့်ရရှိထားကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ(၂၃)ကျောင်းသို့
တစ်လလျှင် ငွေကျပ်ငါးသောင်းကျပ်နှုန်းဖြင့် လစဉ် လှူဒါန်းသွားမည်ဖြစ်ပါကြောင်း ဒုတိယ
ဥက္ကဋ္ဌ ဦးတိုး က မဇ္ဈိမ ကိုပြောသည်။
``ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအထောက်အကူပြုအဖွဲ့ထဲမှာ
မကွေးတက္ကသိုလ်အသီးသီးက ကထိက ဆရာမများပါဝင်လာလို့ ကျောင်းသား ကျောင်းသူများလည်းအသင်းဝင်များအဖြစ်
ပါဝင်လာကြပါတယ်၊ အလှူငွေ ထပ်မံတိုးပြီးဝင်လာရင် လစဉ်ထောက်ပံ့ငွေများကိုလည်း ငါးသောင်းထက်ပိုပြီးလှူဒါန်းသွားမှာပါ။´´
ဟု ဦးမြ၀င်း အတွင်းရေးမှူးက ၎င်းပွဲတွင်ပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment