စက်တင်ဘာ ၁၅၊ မကွေး ။
အဆိုပါသင်တန်းကို မကွေးမြို့၊ အောင်ချမ်းသာရပ်ကွက်(ရန်ကျော်)၊
ခတ္တာလမ်းနှင့် အထက(၁)လမ်း ထောင့်ရှိ စုပေါင်းလုပ်အားအကူအညီပေးရေးအဖွဲ့ Network
Actlvltles Group(NAG)မှ ဦးဆောင်ဖွင့်လှစ်ပြီး European Union(EU) နှင့်
DANCHURCHAID AYUDADEDCA DENMARK(ACT) တို့က ပံ့ပိုးကူညီ ကြောင်းသိရသည်။ မကွေးမြို့ နယ်မှ
ရွာပေါင်း(၁၅)ရွာနှင့် မင်းဘူးမြို့နယ်မှ(၁၅)ရွာတို့မှ တစ်ရွာလျှင် နှစ်ဦးနှုန်းဖြင့်
သင်တန်းသား ၆၀ ဦးတက်ရောက်ကြောင်း၊ သင်တန်းဆရာများမှာ NAG မှသင်တန်းဆရာ နှစ်ဦး နှင့်
DCA မှ သင်တန်းဆရာ တစ်ဦး တို့က ပို့ချကြောင်းသိရသည်။
`` ကျွန်တော်နာမည် ကိုဇော်မိုး၊
မင်းဘူးမြို့နယ်ထိန်တောရွာကပါ။ ဒီသင်တန်းကိုလာရောက်တက်ရလို့ ပညာ ရေးဝန်ကြီးဌာနကနေ ကျွန်တော်တို့ရွာမှာ
စာသင်ကျောင်းဆောက်ဖို့ လာတယ်ဆိုရင် ပွင့်လင်းမြင်သာမှုမရှိကြတဲ့ အခါမှာ အဲဒီလုပ်ငန်းတွေကို
စောင့်ကြည့် စစ်ဆေးနိုင်ဖို့ ဘယ်လိုနည်းမျိုးနဲ့ ချဉ်းကပ်ရမယ် ဆိုတာတွေကို နားလည်သဘော
ပေါက်သွားပါတယ်။´´ ဟု သင်တန်းသား ကိုဇော်မိုး၊ မင်းဘူးမြို့နယ်ထိန်တောရွာက မဇ္ဈိမ ကိုပြောသည်။
အဆိုပါသင်တန်း၏ အဓိကရည်ရွက်ချက်မှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ
ဆင်းရဲသောနိုင်ငံများ၏ လယ်သမားငယ်များအတွက်
စားနပ်ရိက္ခာဖူလုံရေးနှင့် ပါတ်သက်သည့်လုပ်ငန်းများ၊ အထူးသဖြင့်(စိုက်ပျိုးရေး)
တွင် ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးသို့ ဦးတည်သော
နည်းပညာဆိုင် ရာ လိုအပ်ချက်များကို ဖြည့်ပေးရန်နှင့် တောင်သူလယ်သမားငယ်များ၏ စွမ်းဆောင်ရည်ကို
မြှင့်တင်ပေးရန် တို့ဖြစ်ကြောင်း ဦးညိုလတ် NAG(စီမံကိန်းညှိနှိုင်းရေးမှူး) က မဇ္ဈိမ
ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment