Pages

Monday, September 29, 2014

``မကွေးမြို့ ၄၃၆ ဟောပြောပွဲကော်မတီ(၁၁) ဦးတို့၏ ပုဒ်မ ၄၄၇ အမှုကို NLDဗဟို ဥပဒေရေးရာကော်မတီမှ တရားလွှတ်တော်ရှေ့နေ နှစ်ဦးလာရောက်၍ တရားရင်ဆိုင်ဖြေရှင်းမည်´´



မကွေး၊ စက်တင်ဘာ ၂၉ ။
မြန်မာတစ်ပြည်လုံး၌ နေရာအနှံ့ကျင်းပခဲ့သော ၄၃၆ ဟောပြောပွဲများ၌ မကွေးတိုင်းဒေသကြီးက ဥပဒေ ပုဒ်မအမျိုးမျိုးဖြင့် တစ်ဦးချင်းစီ နှင့် NLD ပါတီဝင်များ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ကော်မတီဝင် ၁၁ ဦးတို့ကို ပြစ်မှု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုနေခြင်းသည် ထူးဆန်း၍ သဘောရိုးမဟုတ်ကြောင်း၊ အကြီးတန် အရုပ်ဆိုးနေကြောင်း မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုးက မဇ္ဈိမကို ၂၀၁၄၊ စက်တင်ဘာ ၂၉ ရက်နေ့ ပထမအကြိမ်ရုံးချိန်းတွင်ပြောသည်။ 

          အဆိုပါ မကွေးမြို့နယ်တရားရုံး၌ ၄၃၆ ဟောပြောပွဲ ၁၁ ဦးကော်မတီ ပထမနေ့ရုံးချိန်းသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ရန်ကုန်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး နှင့် တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း) နှစ်ဦးတို့ လာရောက်၍   ၎င်းပြစ်မှု ပုဒ်မ ၄၄၇ ကို ဖြေရှင်းဆောင်ရွက်ကြ မည်ဖြစ်ကြောင်း သိရသည်။ ဦးကျော်ဟိုး မှ တရားခံ ဦးနေမျိုးကျော် ပါ ငါးဦးအတွက် လိုက်ပါဆောင်ရွက်မည်၊ ဦးဌေးဦး(စိန်ဂျွန်း) မှ တရားခံ ဦးသန်းထွန်းအောင်ပါ ခြောက်ဦးတို့ကိုအတွက် လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း ဦးနေမျိုးကျော်(အတွင်းရေးမှူး၊ မကွေးတိုင်းNLDပါတီ) က မဇ္ဈိမကိုပြောသည်။


``၄၃၆ ဟောပြောပွဲကျင်းပရေးကော်မတီဝင်တွေကို တရားစွဲဆိုတာက အုပ်ချုပ်ရေးပိုင်းနဲ့သာ သက်ဆိုင်ပါတယ်၊ အပြစ်ရှိ/မရှိကတော့ တရားရုံးက စီရင်ပါလိမ့်မယ်၊ ယခု တရားစွဲထားတဲ့ ကော်မတီဝင်တွေမှာ အပြစ်လုံးဝ မရှိပါဘူးလို့ ကျွန်တော်တို့က ပြောဆိုရင်ဆိုင်ရမှာပါဘဲ။´´ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမ ကိုပြောသည်။


          စက်တင်ဘာ ၂၉ ရက်နေ့ ပြစ်မှုကြီးအမှတ် ၃၃၄၇/၂၀၁၄ မကွေးမြို့နယ်တရားသူကြီး ဒေါ်ယင်းမာ၊ တရားလိုအကျိုးဆောင် မြိုနယ်ဥပဒေအရာရှိ ဦးကျော်လွင်တို့၏ အထူးအာဏာရ မြို့နယ်တရားသူကြီး အဆင့်(၂)၊ ပထမအကြိမ် ရုံးချိန်းသို့ တရားလို ဦးသောင်းရွှေ မကွေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးမှာ ခွင့်ယူပြီး မလာရောက်ကြောင်း နေ့ ၁၂ အချိန်ကြာမှ တရားသူကြီးက ပြောပြီး ဒုတိယ ရုံးချိန်းရက် ကို အောက်တိုဘာ ၁၃ ရက်သို့ ချိန်းဆိုလိုက်သည်။


`` ကျွန်တော်တို့က ကော်မတီ ၁၁ ဦး၊ ဌားရန်းလို့ လာတာမဟုတ်ပါဘူး၊ NLD ဗဟို မှ ဥပဒေရေးရာကော်မတီ၏ တာဝန်ပေးချက်အရ လာရောက်ဆောင်ရွက်တာပါ။ ဒီအမှုကို  ၂ နှစ် ၃ နှစ်အထိ ကြာနေရင်လဲ ရုံးချိန်ရက် တွေတိုင်း ကျွန်တော် တို့လာကြမှာပါ။´´ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း)က မဇ္ဈိမ ကိုပြောသည်။

          ဤနေ့စက်တင်ဘာ ၂၉ ရက်နေ့သည်ပင် ၄၃၆ဟောပြောပွဲကျင်းပစဉ်က အသံချဲ့စက်ဖွင့်မိန့် မယူသော ရပ်ကျေးဥပဒေပုဒ်မ ၂၇ နှင့် ရဲအက်-၄၉ အမှုများဖြင့် ဦးနေမျိုးကျော်(အတွင်းရေးမှူး၊ မကွေးတိုင်းNLD) နှင့် ဦးမောင်မောင်စိုး(ရွှေမြန်မာ) ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) တို့၏ ရုံးချိန်းများဖြစ်ပြီး ဦးမောင်မောင်စိုးအား အောက်တိုဘာ ၃ ရက်နေ့သို့လည်း ကောင်း၊ ဦးနေမျိုးကျော် ကို အောက်တိုဘာ ၁၄ ရက်နေ့သို့လည်းကောင်း အသီးသီးထပ်မံ၍ ရုံးချိန်းဖြစ်ကြောင်း ဦးမောင်မောင်စိုး(ရွှေမြန်မာ) ကပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

No comments:

Post a Comment