မကွေး၊ အောက်တိုဘာ ၂၇ ရက်၊
ပြီးခဲ့သော ၂၀၁၄၊ ဇွန်လထဲတွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ပြည်တော်သာလမ်း၊
အေးစေတီဘုရားကွင်း ၌ ကျင်းပခဲ့သော NLDပါတီ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ဖြစ်မြောက်ရေးကော်မတီ(၁၁)ဦးကို
အောက် တိုဘာ ၂၇ ရက်၊ နံနက်၁၁ နာရီမှ နေ့လည်၂း၃၀နာရီအထိ မကွေးမြို့နယ်တရားရုံးတွင် တတိယရုံးချိန်း
အဖြစ် ဆက်လက်စစ်ဆေးကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။
အောက်တိုဘာ ၂၇ ရက်ရုံးချိန်းသို့ တရားလို မကွေးတိုင်းဒေသကြီးသာသနာရေးဦးစီးမှူး
ဦးသောင်းရွှေ နှင့် အေးစေတီဘုရားဂေါပက ဥက္ကဋ္ဌ ဦးကြည်ဝင်းတို့ နှစ်ဦးကို စတင်စစ်ဆေးကြောင်းသိရသည်။ပုဒ်မ
၄၄၇ဖြင့် တရားခံဟုစွပ်စွဲခံထားရသော ဦးနေမျိုးကျော်ပါ ကော်မတီဝင် ၁၁ ဦးမှ ဦးရဲတင့်(
အတွင်းရေးမှူး၊ မကွေးခရိုင်NLD ပါတီ)တစ်ဦးခွင့်တင်၍ ၁၀ ဦးတက်ရောက်ကြောင်း၊ NLDပါတီ(ဗဟို)မှ
ဥပဒေအကျိုးတော်ဆောင် တရားလွှတ် တော်ရှေ့နေများ
ဦးကျော်ဟိုး နှင့် ဦးဌေးဦး(စိန်ဂျွန်း) တို့လည်း ရန်ကုန်မှ တတိယအကြိမ် လာရောက်ကြောင်း
သိရသည်။
``ကျွန်တော်က အေးစေတီဘုရားဂေါပက
ဥက္ကဋ္ဌ ဦးကြည်ဝင်းပါ၊ မေလ(၂၉)ရက်နေ့က ကန်သာရပ်ကွက်ဥက္ကဋ္ဌ ထောက်ခံချက်ပါလို့ ဂေါပကဥက္ကဋ္ဌ
ကလည်း ထောက်ခံခဲ့ပါတယ်၊ ဇွန်(၄)ရက်နေ့ရောက်တော့ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးကခေါ်ပါတယ်၊
ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင်စာရိုက်ပြီးယူလာခဲ့တဲ့ ကန့်ကွက်စာမှာ ကျွန်တော်လက်မှတ်ရေးထိုးပြီးပေးလိုက်ရပါတယ်၊
အမှန်အတိုင်းဘဲ ထွက်ဆိုခဲ့ပါတယ်။´´ဟု ဦးကြည်ဝင်းက မီဒီယာများကိုပြောသည်။
``ဒီနေ့တရားရုံးက စစ်ဆေးတဲ့အခြေအနေ
အားလုံးကောင်းပါတယ်၊ တရားလို ဦးသောင်းရွှေကိုယ်တိုင်က ယခု တရားစွဲတဲ့ကိစ္စ သူဘာမှမသိပါဘူးလို့ပြောတယ်၊
သူ့ထက်ရာထူးကြီးတဲ့ အထက်ကပုဂ္ဂိုလ်တစ်ဦးက တာဝန်ပေးလို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်လို့
ထွက်ဆိုအစစ်ခံသွားပါတယ်။´´ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က မီဒီယာများကိုပြောသည်။
၎င်းအမူ၏ စတုတ္ထရုံးချိန်းကို ၂၀၁၄၊ နိုဝင်ဘာ(၅)ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း
မြေလတ်မီဒီယာ က သတင်း ရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment