Pages

Monday, October 13, 2014

``၄၃၆ ဟောပြောပွဲကော်မတီဝင်၁၁ ဦးကို မကွေးမြို့နယ်တရားရုံး၏ ပြစ်မှုအမှတ် ၃၃၄၇/၂၀၁၄၊ ပြစ်မူပုဒ်မ ၄၄၇ ဖြင့်စွဲဆိုအမှု တရားလို တိုင်းဒေသကြီး သာသနာရေး ဦးသောင်းရွှေ ရုံးချိန်း (၂)ကြိမ်အထိ လာရောက်ခြင်းမရှိ´´



မကွေး၊ အောက်တိုဘာ ၁၃ ။
        
  မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ မကွေးမြို့နယ်တရားရုံး၊ ဒေါ်ယင်းမာ၊ တွဲဖက်တရားသူကြီး(၂)၊ ပထမတန်းအာဏာ၊ တရားခွင်သို့ ၂၀၁၄၊ အောက်တိုဘာ ၁၃ ရက် နေ့ ၁၁ နာရီအချိန်တွင် မကွေးမြို့နယ်တရား ရုံး၏ ပြစ်မှုအမှတ် ၃၃၄၇/၂၀၁၄၊ ပြစ်မူပုဒ်မ ၄၄၇ ဖြင့်စွဲဆိုသောအမှု တရားလို တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူးးဦးသောင်းရွှေ နှင့် တရားခံ ဦးနေမျိုးကျော် ပါ ၄၃၆ ဟောပြောပွဲ ကော်မတီဝင်၁၁ ဦးတို့ကို ဆင့်ခေါ်စာ များဖြင့် ဒုတိယအကြိမ်ရုံးချိန်းဖြစ်ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။


          အဆိုပါရုံးချိန်းသို့ တရားလိုဖြစ်သူ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးးဦးသောင်းရွှေ နှင့် ဦးကြည်ဝင်း တို့ နှစ်ဦး ခွင့်စာတင်ခြင်းမရှိဘဲ ပျက်ကွက်ကြောင်း၊ အဆိုပါတရားလို၏ ရုံးသို့ တရားသူကြီးဒေါ်ယင်းမာ မှ ဖုန်းဆက် ခိုင်းရာ၊ ဖုန်းခေါ်၍ မရရှိကြောင်း၊ ရန်ကုန်မြို့မှ လာရောက်ကြသော တရားခံ၏ အကျိုးတော်ဆောင် လွှတ်တော် ရှေ့နေ ဦးကျော်ဟိုးမှ ၎င်းရုံးချိန်းဆင့်စာကို တရားလို ဦးသောင်းရွှေထံသို့ရောက်၊ မရောက် မြို့နယ် တရားသူကြီး ဒေါ်ယင်းမာထံ မေးသော်လည်း  အဖြေမရကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၂၇ ရက်နေ့သို့ တတိယ အကြိမ်ရုံး ချိန်းရက် မကွေးမြို့နယ်တရားရုံး မှ သတ်မှတ်ပေးလိုက်ကြောင်း တရားခံဟု စွတ်စွဲထားခံရသူ ဦနေမျိုးကျော်( အတွင်းရေးမှူး၊မကွေးတိုင်းNLDပါတီ) က ပြောသည်။


``တရားလို ဦးသောင်းရွှေက ပထမအကြိမ်ရုံးချိန်း စက်တင်ဘာ ၂၉ ရက်နေ့ကလဲ မလာဘူး၊ ခွင့်တင်တယ် လို့သိရတယ်၊ ယခု ဒုတိယရုံးချိန်းအောက်တိုဘာ ၁၃ ရက်မှာ တရားလို ဦးသောင်းရွှေ က ဘာအကြောင်း ပြချက်မှ မရှိဘဲ မလာဘူး၊ ကျွန်တော်တို့ ရှေ့နေ နှစ်ယောက်က ရန်ကုန်မြို့ကနေ လာကြရတာပါ၊ တရားစွဲခံထားရသူ ၁၁ ဦးကလဲ တရားဥပဒေကိုလေးစားစွာနဲ့ မပျက်မကွက် စုပေါင်းလာကြပါတယ်၊ ဒါ အာဏာရှင်ခေတ်တုန်းက တရားရုံးတွေရဲ့ နှိပ်စက်ခြင်း နည်းမျိုးစုံတွေထဲက တစ်ခုပါဘဲ၊ တရားလိုဘက် က သုံးကြိမ်မလာရင်တော့ တရား ဥပဒေအရ တရားရုံးတွေက အရေးယူဆောင်ရွက်နိုင်ပါတယ်၊ စောင့်ကြည့်ရမှာပေါ့။´´ ဟု တရားလွှတ်တော် ရှေ့နေ ဦးဌေးဦး(စိန်ဂျွန်း) က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment