Pages

Saturday, November 1, 2014

``မန်းရွှေစက်တော်ဘုရား သြ၀ါဒစရိယဆရာတော်များ နှင့် ဂေါပကအဖွဲ့အသစ် ပြန်လည်ရွေးချယ်ရန် လျှောက်ထားနိုင်ကြောင်း လျှောက်လွှာများဖြန့်ဝေရာတွင် ပွင့်လင်းမြင်သာမှုမရှိ၍ မကျေနပ်ကြဟု ဆို´´



မင်းဘူး၊ အောက်တိုဘာ ၃၁ ။
          ရွှေစက်တော်ဘုရားဂေါပကအသစ်ပြန်လည်ရွေးချယ်ပေးရန် ဒေသခံဈေးသည်များနှင့် နယ်လှည့်ဈေးသည် များမှ စုပေါင်းလက်မှတ်ထိုး၍ ၂၀၁၃ ခုနှစ်မှစတင် နေပြည်တော် ပြည်ထောင်စုဝန်ကြီး သာသနာရေးဦးစီးဌာန သို့၎င်း၊ ၂၀၁၄၊ ခုနှစ်တွင်လည်း ထပ်မံ၍ မင်းဘူးခရိုင်သာသနာရေးဦးစီးမှူးရုံး၊ မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် နှင့် နေပြည်တော်သို့ ဒီမိုကရေစီစနစ်ဖြင့် အရပ်သားဂေါပကဈေးသည်များပါဝင်သော ဂေါပကများ ပြန်လည်ရွေးချယ်ပေးရန် ထပ်မံတင်ပြ တောင်းဆိုခဲ့ကြောင်း ဒေသခံ ဦးနေမျိုးကျော်(စကု) မှ မြေလတ်မီဒီယာ ကို ပြောသည်။


          ၎င်းကိစ္စအတွက် မင်းဘူးခရိုင်သာသနာရေးဦးစီးဌာနမှ မင်းဘူးမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများသို့ ဂေါပကလူကြီးလုပ်ရန် စိတ်ဝင်စားသူများ လျှောက်လွှာကို သွားရောက်ထုတ်ယူနိုင်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့တွင် မင်းဘူးခရိုင်သာသနာရေးဦးစီးမှူး မှ ဒေသခံမီဒီယာများကိုပြောဆိုကြောင်း၊ လျှောက်လွှာများကို အောက်တို ဘာ ၃၁ ရက်နေ့နောက်ဆုံးဖြစ်ကြောင်း၊ ဒေသခံသတင်းထောက် တင်ရွှေ(မင်းဘူး)က မြေလတ်မီဒီယာ ကို ပြောသည်။

``ခရိုင်သာသာနာရေး ဦးစီးမှူးဦးကျော်ဆွေကိုယ်တိုင်  မင်းဘူး အမှတ်(၁)ရပ်/ကျေးအုပ်ချုပ်ရေးမှူးဆီကို လျှောက်လွှာရောက် မရောက်သွားမေးရာ မရောက်သေးကြောင်း ကျွန်တော်ကိုယ်တိုင် သိခဲ့ရတယ်လို့ မင်းဘူး ခရိုင်သာသာရေး ဦးစီးမှူး ဦးကျော်ဆွေ က ကျွန်တော့်ကိုပြောပါတယ်။´´ဟု သတင်းထောက် တင်ရွှေ (မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။

          ၎င်းကိစ္စအား လက်ရှိသြ၀ါဒစရိယ ဆရာတော်အဖွဲ့မှ စာရေးဆရာဘုန်းကြီး စိုးညာဏ(ငဖဲ)၊ မင်းဘူးမြို့၊ အေးစေတီမြောက်ကျောင်းသို့ အောက်တိုဘာ ၃၀ရက်နေ့တွင် မြေလတ်မီဒီယာ က သွားရောက်မေးမြန်းလျှောက်ထားရာ..၊

`` လျှောက်လွှာတွေတင်ရမယ်သိတယ်၊ ဂေါပကအဖွဲ့ရွေးချယ်ဖို့တင်မဟုတ်တော့ဘူး၊ ရွှေစက်တော်ဘုရား သြ၀ါဒစရိယ လုပ်ချင်တဲ့ ဘုန်းကြီးတွေလည်း လျှောက်လွှာတင်ရမယ်လို့ လုပ်နေကြတယ်ဗျာ၊ ကျုပ်ကတော့ လျှောက်လွှာတင်ရမဲ့အလုပ် မလုပ်နိုင်ပါဘူး။´´ဟု စာရေးဆရာဘုန်းကြီး စိုးညာဏ(ငဖဲ) က မြေလတ်မီဒီယာ ကိုမိန့်ကြား သည်။

          ရွှေစက်တော်ဘုရားဂေါပကအဖွဲ့သည် ယခင်က မင်းဘူးခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် စည်ပင်၊ လျှပ်စစ်ဌာနများမှ အစိုးရ၀န်ထမ်းများ ငါးဦးပါဝင်ရာမှ ၂၀၁၃ နှစ်တွင် ၎င်းတို့ငါးဦးနှုတ်ထွက်သွားပြီး ကျန်သော အရပ်သား ၁၅ ဦးဖြင့် အရပ်သားဂေါပကဟု ပြန်လည်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ၎င်း ၁၅ ဦးမှ လက်ရှိဂေါပက ၁၀ ဦးဖြင့်သာ တာဝန်ထမ်းဆေင်နေကြောင်း၊ ယခု ဂေါပကရွေးချယ်နိုင်ရန် ၎င်းလက်ရှိဂေါပကများသာ လျှောက်လွှာ လျှောက်ထားပြီးကြောင်း၊ လျှောက်လွှာများဖြန့်ချီရာတွင် ကြိုတင်ပြီး လူသိရှင်ကြားဖြစ်အောင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ မည်သည့် နေ့ တွင် ရွေးချယ်မည်ဟု ရက်အတိအကျ မသိရသေးကြောင်း လျှောက်လွှာတင်ထား သော ဒေသခံဈေးသည် ဦးအေးကို(ဆင်ခေါင်းရွာ)က အောက်တိုဘာ ၃၁ ရက်နေ့တွင် မြေလတ်မီဒီယာ ကိုပြော၍ သတင်း ရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment