Pages

Wednesday, November 12, 2014

``မြို့သစ်မြို့နယ်၊ သံဘိုလေးကျေးရွာ၊ ဟိတသုခ အခမဲ့ဆေးခန်း(၂)ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဒု ဥက္ကဋ္ဌ ဆရာမ သန်းမြင့်အောင်တို့ ဟောပြော´´




မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ သံဘိုလေးကျေးရွာတွင် ၂၀၁၄၊ နိုဝင်ဘာ ၈ ရက်နေ့ ည ၇ နာရီမှ ည ၁၁ နာရီအချိန်ခန့်အထိ၊ သံဘိုလေးကျေးရွာမှ ဟိတသုခ အခမဲ့ဆေးခန်း(၂)ပြည့်အထိမ်းအမှတ် စာပေဟော ပြောပွဲကျင်းပကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။


          ၎င်းစာပေဟောပြောပွဲသို့ ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူမှ (ဗြဟ္မစိုရ် ခြေလှမ်းများ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒု ဥက္ကဋ္ဌ ဆရာမ သန်းမြင့်အောင် မှ(လောကကြီးကို အလှဆင်ပါ) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်မြို့၊ မိုးမေတ္တာလူမှုရေးအသင်းမှ ဆရာ ညီညီအောင်မှ (အသောက မင်းကြီး နှင့် ကျွန်တော်) ခေါင်းစဉ် တို့ဖြင့် အသီးသီးဟောပြောကြောင်း၊ အဆိုပါဟောပြောပွဲသို့ သံဘိုလေးကျေးရွာ၊ ဟိတသုခ အခမဲ့ဆေးခန်း ဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် အဖွဲ့ဝင်များ၊ သံဘိုလေးကျေးရွာအနီးဝန်းကျင်ရှိ ကျေးရွာများမှ စာပေ၀ါသာရှင်များ ပရိပ်သတ်စုစုပေါင်း တစ်ထောင်ကျော်ခန့် လာရောက်အားပေးကြောင်း မြေလတ်မီဒီယာ မှ  နိုဝင်ဘာ ၁၁ ရက်နေ့တွင် သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ

No comments:

Post a Comment