Pages

Saturday, November 15, 2014

``မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီမှ စာရင်းရှင်းပေးရန် မီဒီယာရှင်းလင်းပွဲပြုလုပ်´´



မကွေး၊ နိုဝင်ဘာ ၁၅။
          မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာကျေးရွာ၊ ၅ လမ်း၊ ဦးသန်းစိုးဦး(ဆယ်အိမ်မှူး) အိမ်တွင် ၂၀၁၄၊ နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၉း၃၀ မှ ၁၀း၃၀ နာရီအချိန်ခန့်အထိ ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့သော ချမ်းမြေ့သာယာကျေးရွာ မီးလင်းရေးကော်မတီမှ စာရင်းရှင်းပေးရန် သတင်းမီဒီယာရှင်းလင်းပွဲကျင်းပကြောင်း  မြေလတ်မီဒီယာက သတင်းရရှိသည်။


          အဆိုပါရှင်းလင်းပွဲသို့ မီးလင်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ ဦးသန်းစိုးဦး ပါ ကျေးရွာသူ၊ ကျေးရွာသား ၁၅ ဦးခန့်တက်ရောက်ကြောင်း၊ ၂၀၁၃ ခုနှစ်ကစတင်၍ ကိုယ်ထူကိုယ်ထ လျှပ်စစ် မီးလင်းရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးအေးမင်း ၊ ဒုဥက္ကဋ္ဌ ဦးလှသိန်းပါ ကော်မတီဝင် ၁၅ ဦးဖွဲ့စည်းခဲ့ကြောင်း၊ မီတာ တပ်ဆင်ရန်  အိမ်ထောင်စုပေါင်း (၄၆၂) အိမ်ရှိခဲ့ကြောင်း၊ တစ်အိမ်ထောင်လျှင် ၂၆၀၀၀၀ိ/ နှစ်သိန်း ခြောက် သောင်းကျပ်ကောက်ခံခဲ့ကြောင်း၊ လျှပ်စစ်မီးတပ်ဆင်ပြီးချိန်(၂၀၁၃၊ နိုဝင်ဘာလ)တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းစီ ပြန်လည်ပေးခဲ့ကြောင်း၊ ငွေစာရင်းရှင်းတမ်းအနေဖြင့် ယနေ့အထိ ပြန်လည်မရှင်းနိုင်သေး ကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးလှသိန်းက ၎င်းပွဲတွင်ပြောသည်။


`` ဒီမီးလင်းရေးကော်မတီအဖွဲ့က ငွေစာရင်းမရှင်းသေးဘဲ  နာရေးကား (ကာစတန်)အမျိုးအစား လိုင်စင်မဲ့ကို ၀ယ်ထားတယ်၊ အခွင့်ရေးရတုန်း ကညန မှာ လိုင်စင်လုပ်တယ်၊ အဲဒီကားကိုလည်း လျှပ်စစ်မီးလင်းရေးကော်မတီ ငွေနဲ့စိုက်ဝယ်တယ်လို့သိရတယ်၊ ရှေ့လုပ်ငန်းကငွေကို ငွေစာရင်းမရှင်းယုံအပြင် နောက် ကျွန်တော်တို့ရွာ နဲ့ မကွေးသုတ်ဿန်က ကပ်နေတာကို  ရွာလူထုမသိဘဲ နာရေးကားဝယ်တဲ့ကိစ္စကိုလည်း မကြေနပ်လို့ ယနေ့ ရှင်းလင်းပွဲလုပ်ရတာပါ။´´ ဟု ဦးသန်းစိုးဦး(ဆယ်အိမ်မှူး) က၎င်းပွဲတွင်ပြောသည်။

          ၎င်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်မီးလင်းရေးကော်မတီ ဒု ဥက္ကဋ္ဌ ဦးလှသိန်း မှ မီဒီယာ သမားများ အပြန် တွင် လျှပ်စစ်မီးလင်းရေးကော်မတီ မီတာခွဲတမ်းယူသော ကိစ္စအား ကော်မတီ၏ ဂုဏ်သိက္ခာကို အထိခိုက် မခံနိုင်ကြောင်း၊ တရားဝင် တိုင်ကြား၍ တရားစွဲဆိုမည်ဆိုလျှင် အဖြစ်မှန်ကို ထွက်ဆိုပြောကြား ပေးမည်ဖြစ်ဟု ဒုဥက္ကဋ္ဌ ဦးလှသိန်းက  ကိုသန်းစိုးဦး(ဆယ်အိမ်မှူး) နှင့်ကျန်ရှိသော လူများထံ ပြောကြောင်း ကိုသန်းစိုးဦးက မြေလတ်မီဒီယာကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

No comments:

Post a Comment