Pages

Saturday, November 22, 2014

``မကွေးမြို့နယ်စည်ပင်သာယာမှ ဈေးသစ်နေရာသို့ မပြောင်းသော အခွန်လွတ်ဈေးသည် (၈)ဦးအား မြိုနယ်တရားရုံးသို့ တရားစွဲထား၊ ကျန်အခွန်လွတ်ဈေးသည်များကလည်း နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဆန္ဒပြခွင့်ရ´´



မကွေး၊ နိုဝင်ဘာ ၂၂ ။
          ကန်သာအခွန်လွတ်ဈေးကို မင်္ဂလာဈေး အခွန်လွတ်ဈေးသို့ နိုဝင်ဘာ ၂၁ ရက်နေ့ နောက်ဆုံးထား၍ အပြီးပြောင်းရွေ့ပေးရန် မကွေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြား ရေးမှူး ဦးနေမျိုးနိုင် မှ ညွှန်ကြားထားသော်လည်း သတ်မှတ်ထားသောရက်တွင် မပြောင်း ရွေ့သော ဈေးသည်(၈)ဦးအား စည်ပင်အဖွဲ့များဆိုင်ရာ ဥပဒေပုဒ်မ ၇၅/၇၆ အရ၊ စည်ပင်အမှုဆောင် အရာရှိ က မကွေးမြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဦးတိုက်လျှောက်ထားကြောင်း၊ မြို့နယ်တရားသူကြီးဒေါ်ခင် နှင်းရီမှ လက်ခံ၍ ၎င်းဈေးသည် ၈ ဦးကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် မြိုနယ်တရားရုံးသို့ လာရောက်ကြရန် ရုံးချိန်း ချိန်းဆိုထားကြောင်း၊ မြို့နယ်တရားရုံးမှ သမ္မာန်စာများအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။


``ကျွန်မတို့ မပြောင်းတဲ့ဈေးသည်စာရင်း တစ်ရာငါးဆယ်ကျော်ရှိတယ်၊ တရားစွဲတော့ ရှစ်ဦးထဲသာ တရားစွဲတယ်၊ သူတို့ကို ထောင်ချအရေးယူရင် ဈေးသည်အားလုံးပါ လိုက်ပြီးဝင်ကြမှာပါ။´´ဟု မသိန်းသိန်းနှင့် အဖွဲ့ခေါင်းဆောင် ဆယ်ဦးက မြေလတ်မီဒီယာ ကိုပြောသည်။


          မကွေးအခွန်လွတ်ဈေးတွင် မရွေ့ပြောင်းသော ကျန်ဈေးသည် တစ်ရာငါးဆယ်ကျော်ခန့်ရှိကြောင်း၊ ၎င်း တို့အထဲမှ တရားစွဲခံရသော ရှစ်ဦးမှာ ဒေါ်ဖြူချော(၃၅)နှစ်၊(ဘ)ဦးသန်းရှိန်၊ ကင်း၊ အုပ်ဖိုရွာ၊ မကွေး။ ဒေါ်စန်းစန်း ၀င်း(၅၁)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ ကျောက်တန်းရွာ၊ မင်းဘူးမြို့။ ဒေါ်စန်းစန်းဝင်း(၅၀)နှစ်၊(ဘ) ဦးလှရွှေ၊ ကျောက် တန်းရွာ၊ မင်းဘူး။ ဒေါ်လင်းလင်း(၃၅)နှစ်၊(ဘ)ဦးအောင်ဆန်း၊ သဇင်ကွက်သစ်၊ မင်းဘူး။ ဒေါ်လှလှဝင်း (၄၆)နှစ်၊ ကန်သာ၊ မကွေး။ ဦးဝင်းမြင့်နိုင်(၄၆)နှစ်၊ ရန်မျိုးနိုင်၊ မကွေး။ ဒေါ်မြင့်မြင့်ခိုင်(၅၃)နှစ်၊ ကန်သာ၊မကွေး။ ဒေါ်နွယ်နီ ၀င်း(၃၇)နှစ်၊ မြို့မအိုးဘိုရပ်၊ မကွေး တို့ ရှစ်ဦးဖြစ်ကြောင်း သိရသည်။

          မကွေးအခွန်လွတ်ဈေးမှ မပြောင်းရွေ့လိုသောဈေးသည်များအဖွဲ့မှ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ဒီအုပ်စု ၁၀ လမ်းနေသူ ဦးထွန်းဝင်းအောင်(၃၇)နှစ်အမည်ဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် အခွန်လွတ်ဈေးမပြောင်းရွေ့ရေး အတွက် ဈေးသည်အင်အား(၅၀၀)ဦးကျော်ဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခွင့်ပြုရန် မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူးထံ တရားဝင် တင်ပြခဲ့ကြောင်း၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုသင့်ကြောင်းထောက်ခံ၍ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တင်ပြပြီးကြောင်း မြိုနယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ထို့ကြောင့် တရားဝင်ခွင့်ပြုချက်ဖြင့် ၂၀၁၄၊ နိုဝင်ဘာ ၂၈ ရက်နေ့မှာ  အခွန်လွတ်ဈေးသည်များက ဆန္ဒပြကြမည်ဟု မြေလတ်မီဒီယာ ကို ပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

No comments:

Post a Comment