Pages

Friday, November 28, 2014

``ရွှေစက်တော် အောက်ခြေတော်ရာ၏ ဘုံခုနှစ်ဆင့်ထီတော်မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ရှိ ရတနာ ပစ္စည်းများအား ဖြုတ်ယူ၍ မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထား´´



မင်းဘူး၊ နိုဝင်ဘာ ၂၈။
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ ရွှေစက်တော် အောက်ခြေတော်ရာ၏ ဘုံခုနှစ်ဆင့်ထီတော် မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့တွင် တပ်ဆင်ပူဇော်ထားသော ရတနာ ပစ္စည်းများအား ၂၀၁၄၊ နိုဝင်ဘာ ၂၇၊ နေ့ ၁၂း မှ ၁ နာရီအချိန်ခန့်အတွင်း ဖြုတ်ယူ၍ ၎င်းနေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်မှာ မင်းဘူးမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အပ်နှံထားကြောင်း  မြေလတ်မီဒီယာ က သတင်းရရှိသည်။

          အဆိုပါ မန်းရွှေစက်တော်ဘုရားကြီး အောက်စက်တော်ရာ ဘုံခုနှစ်ဆင့်ထီးတော်ရှိ စိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့၌ ပါရှိသော ရတနာပစ္စည်းများနှင့် ခေါင်းလောင်းများ ဖြုတ်ယူသိမ်းဆည်းအဖွဲ့မှာ မင်းဘူး(စကု) မြို့နယ်သံဃာနာယက ဥက္ကဋ္ဌဆရာတော် ဘန္ဒ န္တသာသန(ရွှေတွင်းကျောင်း) နှင့် သြ၀ါဒဆရာတော် နှစ်ပါး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့် နှင့်အဖွဲ့ဝင်များ၊ ရွှေဆိုင်းပညာရှင် ဦးဝင်းတိုး နှင့် ဘုရားကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပါဝင်ကြောင်း၊ ၎င်း သိမ်းဆည်းရတနာများအား သံသေတ္တာထဲသို့ ထည့်၍ သော့ခပ်ပြီး ချိတ်ပိတ်တံဆိပ်ရိုက်ကာ ၂၀၁၄၊ နိုဝင်ဘာ ၂၇၊ ညနေ ၄း၃၀ နာရီအချိန်ခန့်မှာ မင်းဘူးမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အပ်နှံထားကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အာင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment