Pages

Monday, November 10, 2014

မကွေးမြို့နယ် ဧရာဝတီမြစ်တွင်း၌ ဘိလပ်မြေတင်သော တွဲသင်္ဘော နစ်မြုပ်



 မကွေး၊ နိုဝင်ဘာ ၉ ။
၂၀၁၄၊ နိုဝင်ဘာ ၉ ရက်၊ နေ့ ၁၁း၂၀ နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊
မြင်ကွန်းကျေးရွာအနောက်ဘက်၊ ဧရာဝတီမြစ်အတွင်း၌ ရန်ကုန်မြို့မှ
မကွေးမြို့သို့ ဘိလပ်မြေတင်ဆောင်သည့် ရေယာဉ်မှူး ဦးသန်းရွှေ၊
(၄၆)နှစ်၊(ဘ)ဦးကံကောင်း၊ ရေစကြိုမြို့နေသူ အတွဲ သင်္ဘော အမှတ် ၁၃၅၀၉၊
သစ္စာရှင်တွန်းသင်္ဘောနှင့် အလျားပေနှစ်ရာ၊ အနံ လေးဆယ့်ငါပေရှိ တွဲအမှတ် ၂၆၀
ဖြင့် ရန်ကုန်မြို့၊ ရွှေမေတ္တာကုမ္ပဏီပိုင် ထိုင်းနိုင်ငံလုပ် ဆင်တံဆိပ်
ဘိလပ်မြေအိတ်(၁၅၀၀၀)၊ တန်ဘိုးကျပ်သိန်း ၇၅၀ ခန့်သည်
ကမ်းနားရှိကျောက်ဆောင်ဖြင့်တိုက်မိ၍ နစ်မြုပ်ဆုံးရှုံးကြောင်း မဇ္ဈိမ က
ရဲမှတ်တမ်းအရ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်တွင်ရေယာဉ်မှူး ဦးသန်းရွှေပါ သင်္ဘောသား
ငါးဦးထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း၊၊ တွဲ ၂၆၀
တစ်တွဲတည်းသားနစ်မြုပ်သွားကြေင်း၊ တွန်းသင်္ဘော သစ္စာရှင်မပါကြောင်းသိရသည်။
 ဖြစ်စဉ်နှင့် ပတ်သက်၍ ရေယာဉ်မှူးး ဦးသန်းရွှေအား  ဥပဒေအရ အရေးယူရန်
စီစဉ်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ မဇ္ဈိမ ကသတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment