Pages

Thursday, November 6, 2014

အလွန်အကျွံအကောင်းမမြင်ရန် အိုဘားမားအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ပြော By အိဖြူလွင်

အလွန်အကျွံအကောင်းမမြင်ရန် အိုဘားမားအစိုးရအား
ဒေါ်အောင်ဆန်းစုကြည်ပြော
By အိဖြူလွင်
On Thu, 2014-11-06 06:51
Location ရန်ကုန်
Issue No.No.554 Thursday, November 6, 2014
သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - wikimedia.org)

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်သည် ရပ် တန့်နေပြီဖြစ်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် အမေရိကန် အစိုးရသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က သတိပေးပြော ကြားလိုက်သည်။
အမေရိကန်အစိုးရသည် ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အကောင်းမြင်လွန်းပုံပေါ်သည့် အချိန်များလည်းရှိခဲ့သည်ဟု ဒေါ် အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် များကိုဖြေကြားခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်ထိ နေပြည်တော်တွင် ပြုလုပ်မည့် အမေရိကန်အပါအ၀င် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီးဆွေး နွေးပွဲသို့ လာရောက်မည့် ခေါင်း ဆောင်များအား မည်သည့်သတင်း စကားပေးလိုပါသလဲဆိုသည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ပါဝင်သော ထိပ် သီးနိုင်ငံရေးဆွေးနွေးပွဲအပြီး ငါး ရက်မြောက်နေ့တွင် ပြောကြား ခြင်းလည်းဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်နှင့် အာဆီယံဆွေးနွေးပွဲသို့ ခေါင်းဆောင်များ မလာရောက်မီ ဟန်ပြသက်သက် ပြုလုပ်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများရှိသကဲ့သို့ တွေ့ဆုံပွဲ သက်သက်သာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်- အာဆီယံ အစည်းအဝေးများ တက်ရောက်မည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးသန့်တွေ့ဆုံမည်ဖြစ်သည်။
http://www.7daydaily.com/story/24313#.VFrUd2fy4dU

No comments:

Post a Comment