Pages

Wednesday, December 17, 2014

မကွေးမြို့ပေါ်တွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူများအား အမှုဖွင့်အရေးယူ

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၃း ၁၅)အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ကားကြီးဝန်း၊ အောင်ရတနာရပ်ကွက်၊ ရန်ဝေးရပ်တွင် ပြည့်တန်ဆာများ သွားလာ လုပ်ကိုင်နေကြောင်း ဖုန်းဖြင့်သတင်းပေးချက်အရ မကွေးနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ကားကြီးဝန်းအတွင်းရှိ မော်တော်ယာဉ် ကြီးကြပ်ကွပ်ကဲမှုရုံး အနီး၌ ပြည့်တန်ဆာများဖြစ်ကြသော မကွေးမြို့၊ အောင်မေတ္တာ (ဘီ) အုပ်စု၊ ၁၀ လမ်းနေ မမိုးခင်ခင် (ခ) မသင်းသင်းစိုး (၃၁) နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မအိချိုသဲ (ခ) မမာတင် (၂၁) နှစ်တို့ (၂)ဦးနှင့် အိချိုသဲထံမှ တွေ့ရှိသော ညကြေးငွေ ၁၀၀၀၀ိ/-နှင့် HUAWEI G-610 အမျိုးအစား (ဆင်းကဒ်ပါ) ဖုန်း (၁)လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 
အရှက်အကြောက်ကင်းမဲ့စွာဖြင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ မမိုးခင်ခင်နှင့်မအိချိုသဲတို့အား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၃၂၃/၂၀၁၄၊ ပြည့်တန်ဆာအက်ဥပဒေပုဒ်မ ၃(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
မကွေးသတင်းစုံ

No comments:

Post a Comment